ပီအက်စ်ဂျီပရိသတ်တွေက ပြန်လည်ခြိမ်းခြောက်ခဲ့တာပါ။

ပီအက်စ်ဂျီပရိသတ်တွေဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးဗလာဟိုဗစ်ကို သူတို့အသင်းဆီ ပြောင်းရွှေ့မလာဖို့အတွက် သတိပေးမှုတွေ ပြုလုပ်ခဲ့ကာ ခြိမ်းခြောက်တာတွေလည်း လုပ်သွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီက စိတ်ဝင်စားနေပြီး ကစားသမားလည်း အပြန်အလှန်အားဖြင့် စိတ်၀ငစ်ားနေချိန်မှာ အခုလိုတွေ လုပ်သွားခဲ့တာပါ။ 


ပီအက်စ်ဂျီက ကစားသမားနဲ့ သဘောတူညီမှုရယူထားကာ ၅နှစ်စာချုပ်၊ တနှစ်လုပ်ခ ယူရို ၁၁ သန်းပေးမယ်လို့လည်း စီစဉ်ထားတာပါ။ ဂျူဗီနဲ့ ညှိနှိုင်းနေချိန်မှာပဲ ဗလာဟိုဗစ်ကို ပီအက်စ်ဂျီရဲ့ Ultras ပရိသတ်အဖွဲ့က သူတို့အသင်းဆီ ပြောင်းရွှေ့မလာဖို့ သတိပေးပြီး ရောက်လာခဲ့ရင် လက်ညိုးဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ 

လူ ၈ ဦးဝန်းကျင်ခန့်ပါဝင်တဲ့ ပရိသတ်အဖွဲ့ဟာ အသင်းရုံးချုပ်ပြင်ပရှေ့မှာ "မင်း ပဲရစ်ကိုလာရင် မင်းလက်ချောင်းတွေကို ဖြတ်ပစ်မယ်" လို့ ရေးသားထားတဲ့ ဘန်နာကို ကိုင်တွယ်ပြီးတော့ ခြိမ်းခြောက်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာပါ။ ဒါဟာ ဗလာဟိုဗစ်ရဲ့ တချိန်တုန်းက လုပ်ခဲ့ဖူးတဲ့ လုပ်ရပ်တခုကြောင့်လို့လည်း သိရပါတယ်။ 

ဗလာဟိုဗစ်ဟာ ဆာဘီးယားအသင်းဖော်တွေနဲ့အတူ ကိုဆိုဗိုက ဆာဘီးယားရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ရေးသားထားတဲ့ အကျီကိုဝတ်ဆင်ပြီး ဆာဘီးယားအောင်ပွဲအထိမ်းအမှတ်အဖြစ် လက် ၃ ချောင်းထောင်ဖူးတဲ့ လုပ်ရပ်ကြောင့်လည်း ဖြစ်ပါတယ်။ 

Ultras ကတော့ မက်ဆီကိုလည်း ဝေဖန်ရှုတ်ချခဲ့သူတွေဖြစ်ပြီး ကစားသမားသစ် လူးကပ်စ်ဟာနန်ဒက်ဇ်ကို ခေါ်ယူခဲ့တာကိုလည်း ကန့်ကွက်ခဲ့သူတွေပါ။ ၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ဘိုင်ယန်အတွက် သူ ကစားနေတုန်း ပီအက်စ်ဂျီကို အနိုင်ရချိန်မှာ အောင်ပွဲခံခဲ့တာကို မျက်မုန်းကျိုးခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က