နေမာပြောင်းရွှေ့စဉ်တုန်းက တားမြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက နေမာက ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေချိန်မှာ မက်ဆီက တားဆီးခဲ့တယ်လို့ ဆိုပါတယ်။ မက်ဆီက ပြင်သစ်ကို ပြောင်းမယ့်အစား ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့တာက ပိုပြီးကောင်းမွန်မယ်လို့ နေမာကို အကြံပေးခဲ့ပေမယ့်လည်း ဘရာဇီးလ်သားဟာ ယူရို ၂၂၂ သန်းနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ပရိးမီးယားလိဂ်မှာဆိုရင် ကမ္ဘာ့အကောင်းဆုံးကစးသမားဖြစ်လာဖို့ အခွင့်အရေးက ပိုများတယ်လို့ မက်ဆီက အကြံပေးခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ နေမာလည်း ပီအက်စ်ဂျီမှာ ထင်မှတ်သလောက်ခြေစွမ်းမပြသနိုင်ခဲ့ဘ​ဲ ပြည်တွင်းဖလားတွေနဲ့သာ ကျေနပ်နေခဲ့ရပြီး ဥရောပအောင်မြင်မှုတစုံတရာမရရှိတာ ဒီနေ့အထိဖြစ်ပါတယ်။ 

ဒါပေမယ့် ၅ နှစ်အကြာ ဒီနှစ်ဘောလုံးရာသီမှာတော့ မက်ဆီကိုယ်တိုင်လည်း ပီအက်စ်ဂျီကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီရာသီအစမှာ သူက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပဲရစ်ကလပ်ကို ရောက်ရှိခဲ့ပြီး လီဂူးဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီမအောင်မြင်သလို မက်ဆီကိုယ်တိုင်လည်း လီဂူးမှာ သွင်းဂိုးက လက်ဆယ်ချောင်းတောင်မပြည့်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 

ပီအက်စ်ဂျီလည်း မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘဲ ကမ္ဘာကျော်ကစားသမားတွေကို အလုံးအရင်းနဲ့ခေါ်ယူခဲ့ပေမယ့် ဥရောပအောင်မြင်မှုကတော့ အလှမ်းဝေးကွာနေဆဲဖြစ်ပါတယ်။ မက်ဆီ၊ နေမာ၊ ဘတ်ပီ၊ ရာမို့စ်၊ ဗာရက်တီ၊ ဒွန်နာရမ်မာ၊ မာကွင်ဟို့စ်၊ ဒီမာရီယာတို့လို နာမည်ကျော်တွေပိုင်ဆိုင်ထားပေမယ့် ပြည်တွင်းမှာပဲ သူတို့တွေ ဗိုလ်ကျလို့ရခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က