မီးပွိုင့်မှာ ကားရပ်စောင့်နေတုန်း ဒီလိုမျိုးဖြစ်ပွားခဲ့တာပါ။

ပြင်သစ်လီဂူးကလပ် PSG က ကြယ်ပွင့်ကစားသမားတစ်ယောက်ဟာ မီးပွိုင့်မှာ ကားရပ်ထားတုန်း ပြည့်တန်ဆာတစ်ယောက်က သူ့ရဲ့ဖုန်းနဲ့ပိုက်ဆံအိတ်တွေကို ဓားပြတိုက်သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



Le Point လို့အမည်ရတဲ့ သတင်းဌာနက ဒီသတင်းကို စတင်ဖော်ပြခဲ့တာဖြစ်ပြီး ဒီကစားသမားဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက မြို့ရဲ့အနောက်ပိုင်းမှာ အခုလိုမျိုး ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ အဆိုပါပြည့်တန်ဆာဟာ ရပ်ထားတဲ့ကားထဲကို ကားတံခါးဖွင့်ကာ ရုတ်တရက်ဝင်ရောက်လာခဲ့ပြီး ဖုန်းနဲ့ပိုက်ဆံအိတ် သိမ်းဆည်းထားတဲ့ အကန့်ထဲက ပစ္စည်းတွေကိုယူဆောင်ခဲ့ပါတယ်။

ကစားသမားရဲ့ ပြန်လည်ပြောပြချက်အရ သူ့အနေနဲ့ ပြည့်တန်ဆာမောင်းခိုင်းတဲ့ နေရာကိုသာ မောင်းနှင်ပေးခဲ့မယ်ဆိုရင် ဖုန်းကိုသာပြန်ရမှာဖြစ်ပြီး ပိုက်ဆံအိတ်တော့ ပြန်မရနိုင်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ ဖုန်းကိုပြန်လိုချင်ခဲ့တာကြောင့် ပြည့်တန်ဆာခိုင်းစေတဲ့ နေရာကို မောင်းနှင်ပေးခဲ့ပြီး ဖုန်းပြန်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားချိန်အတိအကျကတော့ ည (၈) နာရီလို့ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်အတွက် ကစားသမားက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီး ဒီပြည့်တန်ဆာရဲ့လက်ထဲမှာ သေနတ်လိုမျိုး အရာဝတ္ထုတစ်ခုကို ကိုင်ဆောင်ထားတယ်လို့ ထွက်ချက်ပေးခဲ့ပါတယ်။ ကစားသမားရဲ့ နာမည်ကို ဖော်ပြထားခြင်းမရှိသလို PSG ဘက်ကလည်း သူတို့ရဲ့ ကစားသမား အခုလိုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာမပေးသေးပါဘူး။

PSG ဟာ ပြီးခဲ့တဲ့တနင်္ဂနွေက မာဆေးလ်နဲ့ ပြင်သစ်လီဂူးအဝေးကွင်းပွဲစဥ်မှာ ဂိုးမရှိသရေကျခဲ့ပြီး အဲ့ဒီပွဲအပြီး (၂) ရက်အကြာမှာပဲ အခုလို ထူးထူးဆန်းဆန်းပုံစံမျိုးနဲ့ အသင်းရဲ့ ကစားသမားက လုယက်ခံခဲ့ရတာဖြစ်ပါတယ်။ အမှုဖြစ်စဥ်နဲ့ ပတ်သက်လို့လည်း နောက်ထပ်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ 

Share

က္က