ဘာစီလိုနာမှာ အတွဲအဖက်မိမိကစားနိုင်ခဲ့သူဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ၃ ဂိုးအထိ သွင်းယူပေးထားပေမယ့်လည်း မက်ဆီဟာ လီဂူးမှာတော့ ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိအချိန်ထိ ဂိုးပေါက်ပျောက်နေကာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 


ပီအက်စ်ဂျီမှာ လိဂ်ဂိုးလုံး၀မသွင်းယူနိုင်သေးတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းဖော်ဟောင်း ယော်ဒီအယ်လ်ဘာကို ပြင်သစ်ကလပ်ဆီ ပြောင်းရွှေ့လာစေချင်နေတယ်လို့ သိရပါတယ်။ ချန်ပီယံလိဂ်မှာ ၃ ဂိုးအထိ သွင်းယူပေးထားပေမယ့်လည်း မက်ဆီဟာ လီဂူးမှာတော့ ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိအချိန်ထိ ဂိုးပေါက်ပျောက်နေကာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 



အယ်လ်ဘာကလည်း ဘာစီလိုနာကနေ ထွက်ခွာဖို့အတွက် အသင်းနဲ့စကားစတင်ပြောဆိုနေပြီလို့ El Nacional က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာက အသင်းကစားသမားတွေရဲ့ လုပ်ခလစာကို ထပ်မံလျှော့ချဖို့စီစဉ်နေရာမှာ အသက်အရွယ်ထောက်လာတဲ့ ခံစစ်ကစားသမားတွေကို ပစ်မှတ်ထားနေတယ်လို့ သိရပြီး တကယ်လို့ သင့်တော်တဲ့ ကမ်းလှမ်းမှုရရှိမယ်ဆိုရင်လည်း ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

မက်ဆီနဲ့ အယ်လ်ဘာတို့ဟာ ဘာစီလိုနာမှာ အတွဲညီညီနဲ့ ကစားနိုင်ခဲ့သူတွေဖြစ်ပါတယ်။ ဘယ်အစွန်ခံစစ်ကစားသမားဖြစ်တဲ့ အယ်လ်ဘာဟာ တိုက်စစ်ကို လိုက်ပါခဲ့ရာမှာ မက်ဆီနဲ့အတူ တွဲဖက်ကစားနိုင်ခဲ့တာဖြစ်ပြီး ဖန်တီးမှုတွေ၊ ထောက်ပံ့မှုတွေ အများအပြားပြုလုပ်ပေးနိုင်ခဲ့ကာ အာဂျင်တီးနားတိုက်စစ်မှူး သဘောကျတဲ့ အသင်းဖော်ဖြစ်ခဲ့ပြီး ရင်းနှီးကျွမ်းဝင်သူတွေလည်း ဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့် အယ်လ်ဘာသာ ပီအက်စ်ဂျီကို ရောက်ရှိလာမယ်ဆိုရင် သူ့အတွက် အခွင့်အရေးတွေ ပိုမိုရရှိလာမယ်လို့ မက်ဆီက ယူဆနေဟန်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဘာစီလိုနာမှာ နည်းပြသစ်အဖြစ် ဇာဗီရောက်ရှိလာပြီး ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ဖို့ရှိနေကာ အယ်လ်ဘာရဲ့ အနေအထားက ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။ 

တကယ်လို့သာ မက်ဆီက အမှန်တကယ်အလိုရှိတယ်ဆိုရင်၊ ပီအက်စ်ဂျီကလည်း ခေါ်ယူမယ်ဆိုရင် စပိန်နောက်ခံလူက အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ကတ်တလန်အခြေစိုက်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က