ဗာရက်တီဆိုရင် လုံး၀ကြောက်နေခဲ့တယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီရဲ့ အီတလီကွင်းလယ်လူ မားကို့ဗာရက်တီရဲ့ အေးဂျင့်ဟောင်းဖြစ်တဲ့ ဒီကမ်ပလီက ပြင်သစ်ကလပ်ဟာ ကစားသမားတွေအတွက်တော့ အကျဉ်းထောင်လို ဖြစ်နေခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ခြိမ်းခြောက်ခံရမှုတွေလည်း ရှိခဲ့တယ်လို့ ဖွင့်ချလိုက်ပါတယ်။ ဒါဟာ အမ်ဘာပေနဲ့ ပြသနာတွေဖြစ်နေချိန်မှာ သူကပြောဆိုခဲ့တာဖြစ်ပြီး ပြင်သစ်ကလပ်အတွက်တော့ နောက်ထပ်ထိုးနှက်ချက်တခုပါပဲ။

Relevo သတင်းဌာနကို ဒီကမ်ပလီက ပြောဆိုခဲ့ရာမှာ "ပဲရစ်မှာ ကစားသမားတွေက ထောင်ကျနေတာပါ၊ သူတို့လုပ်ချင်တာကလွဲရင် ကျန်တာဘာမှကို လုပ်ခွင့်မရပါဘူး၊ အဲဒါက ထောင်တခုပါပဲ၊ ပြီးတော့ ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်၊ သူတို့က အဲဒါကို အမြဲတမ်းလုပ်နေတာပါ"

"ဗာရက်တီက ဘာစီလိုနာကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်၊ ဒါကို သူတို့ဘက်က မနှစ်သက်ခဲ့ဘူး၊ အယ်လ်ခီလိုင်ဖီက ဘာကာနဲ့ ကိစ္စကို ဆက်လုပ်နေမယ်ဆိုရင် ဗာရက်တီခွင့်ပြုမှရမယ်တဲ့၊ အဲဒီနောက် ဘာာကာကို​ပြောင်းဖို့လည်း ပျက်သွားတယ်၊ ဗာရက်တီက ကြောက်နေခဲ့တာပါ" 

"ဒီအသင်းကို စရောက်ကတည်းက သူက ထောင်ကျသွားတာပါပဲ။ ဘာစီလိုနာနဲ့ ကျနော်တို့ စကားပြောတိုင်းမှာ ပီအက်စ်ဂျီကလည်း ဗာရက်တီနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပါတယ်၊ သူတို့ နေမာကို ခေါ်မှာ၊ သူ့ကို တည်ပြီးတော့ အသင်းကိုတည်ဆောက်မှာ၊ ငါတို့ကို ဆန့်ကျင်ရင် ပုဂ္ဂိုလ်ရေးတွေပါ ပါလာမယ်လို့​ပြောခဲ့တယ်"

"ဘာကာဥက္ကဌဟောင်းဆိုရင် အယ်လ်ခီလိုင်ဖီကို မရပ်မနားဖုန်းခေါ်တယ်၊ သူလုံး၀မကိုင်ခဲ့ဘူး၊ ကျနော့်အတွေ့အကြုံအရ ဒီအသင်းက အရမ်းဆိုးရွားပါတယ်၊ သူတို့က ငွေကိုပဲ ဂရုစိုက်တာ၊ ပိုက်ဆံနဲ့ ကမ္ဘာကြီးကို သိမ်းပိုက်လို့ရမယ်လို့ ထင်နေတာ၊ ဒါက မဖြစ်နိုင်ဘူးဆိုတာ အားလုံးမြင်တွေ့ပြီးသားပါ" လို့ အတွင်းကျကျ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က