ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အားထားရတဲ့ကွင်းလယ်လူတိုနီခရူးစ်ဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တယ်လို့သိရပြီး ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ကို လွဲချော်ဖွယ်ရှိနေပါတယ်။ အသင်းလေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တာလို့ သိရပြီး ဒဏ်ရာအခြေအနေက စောင့်ကြည့်နေရတယ်လို့လည်း ဆိုပါတယ်။
ဒီအတွက်ကြောင့် သူဟာ စနေနေ့မှာ ကစားရမယ့် ဆိုဆီဒက်နဲ့ပွဲကို လွဲချော်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲအတွက်လည်း စိုးရိမ်ဖွယ်ရာ ရှိနေပါတယ်။ ပထမအကျော့မှာ ၁-၀ နဲ့ အရေးနိမ့်ထားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့အားအထားရဆုံး ကွင်းလယ်လူတဦးမကစားနိုင်ဘူးဆိုရင် အခက်တွေ့ဖွယ်လည်းရှိနေပါတယ်။
ဒါဟာ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းအနည်းငယ်ကျဆင်းလာတဲ့ ရီးရဲလ်အတွက် စိတ်ပူစရာလည်းဖြစ်ပါတယ်။ တဖက်မှာတော့ နေမာ၊ မက်ဆီ၊ ဘတ်ပီတို့လို ထိပ်တန်းကစားသမားတွေရှိနေသလို နေရာစုံမှာလည်း နာမည်ကျော်ကစားသမားတွေလည်း ပါဝင်နေတာကြောင့် ရီးရဲလ်တို့ ခက်ခက်ခဲခဲရုန်းကန်သွားရဖွယ်လည်း ရှိနေပါတယ်။