စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိသေးပေမယ့် လမ်းခွဲကြတော့မှာပါ။

ပီအက်စ်ဂျီအသင်းဟာ အသင်းကွင်းလယ်ကစားသမား အန်ဒါဟာရဲရားနဲ့ ၂နှစ်သက်တမ်းကျန်ရှိနေတဲ့ စာချုပ်ကို အဆုံးသတ်ဖို့အတွက် စီစဉ်နေတယ်လို့သိရပါတယ်။ ၂၀၁၉ မှာ ယူနိုက်တက်ကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့တဲ့ စပိန်ကွင်းလယ်လူဟာ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် ပြင်သစ်ကလပ်နဲ့ စောစ​ောစီးစီးပဲ လမ်းခွဲရတော့မှာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို​ နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းခဲ့ပေမယ့် အသင်းဘက်ကကမ်းလှမ်းမှုက နောက်ကျခဲ့လို့ အိုးထရက်ဖို့ဒ်ကနေ မထွက်ခွာချင်ပဲ ထွက်ခဲ့ရတဲ့ ဟာရဲရားဟာ ပြင်သစ်ကလပ်နဲ့ ၂၀၂၄ အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ ရာသီကြိုဂျပန်ခရီးစဉ်ကို လိုက်ပါခဲ့ရခြင်းမရှိသလို အသင်းမှာလည်း ပုံမှန်ကစားခွင့်ရဖို့ အာမခံချက်မရှိဘဲဖြစ်နေပါတယ်။ 

လက်ရှိအချိန်ထိလည်း ရာသီသစ်မှာ အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိသေးဘဲ L'Equipe ရဲ့ ဖော်ပြချက်အရ စာချုပ်ဖျက်သိမ်းဖို့အတွက်ကို နှစ်ဖက်စလုံးက ကြိုးစားနေပြီး အသင်းဟောင်းဘီလ်ဘာအိုကို ပြန်လည်ပြောင်းရွှေ့မယ်လို့လည်း သိရပါတယ်။ ဟာရဲရားအတွက် ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေးရမှာမဟုတ်ပေမယ့်လည်း အနည်းဆုံးတော့ အသင်းရဲ့လစာငွေကို လျှော့ချနိုင်မှာတော့ ဖြစ်ပါတယ်။ 

ဘီလ်ဘာအိုမှာ မွေးဖွားခဲ့တဲ့ ဟာရဲရားဟာ စပိန်ကလပ်ကို ၂၀၁၁ မှာ ရောက်ရှိခဲ့ပြီး ၂၀၁၃ မှာတော့ ယူနိုက်တက်က သူ့ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ဟာရဲရားက ပရိသတ်အကြိုက်ကစားသမားတဦးဖြစ်ခဲ့ပေမယ့် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ အသင်းဘက်က သူ့ကိုလုံလောက်တဲ့အားထုတ်မှုနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နှောင့်နှေးခဲ့လို့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်မှာ ဟာရဲရားက ၅ ရာသီကြာကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၁၈၉ ပွဲမှာ ဂိုးပေါင်း ၂၀ အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီမှာတော့ သူက ၉၅ ပွဲကစားပေးထားပြီး ၆ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က