ခရီးသွားသံတမန်အဖြစ်နဲ့ သွားရောက်ခဲ့တာပါ။

ပီအက်စ်ဂျီက လောရီယန့်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူးပွဲအပြီး နာရီပိုင်းအကြာမှာပဲ မက်ဆီဟာ ဆော်ဒီကို သွားရောက်ခဲ့တယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ မက်ဆီဟာ အဆိုပါပွဲကို ပွဲချိန်ပြည့်ဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ စိတ်ပျက်ဖွယ်ရာရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ရှုံးပွဲအပြီး ၁ နာရီလောက်အကြာမှာပဲ မက်ဆီက ဆော်ဒီကို သွားရောက်ဖို့အတွက် လေယာဉ်ပေါ် ရောက်ရှိနေခဲ့တာပါ။ သူဟာ ဆော်ဒီခရီးသွားလုပ်ငန်းဆိုင်ရာ သံတမန်အဖြစ်နဲ့ တာဝန်ယူထားတာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ ရက်အနည်းငယ်ကာ နေထိုင်မယ်လို့ Le Parisien က ဖော်ပြခဲ့ပြီး ပရိသတ်တွေကတော့ မက်ဆီက သူ့ရဲ့ အပြောင်းအရွှေ့အတွက်ပါ ဆွေးနွေးနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ 

ဆော်ဒီခရီးသွားဝန်ကြီးဖြစ်သူကလည်း လူမှုကွန်ရက်ပေါ်ကတဆင့် မက်ဆီကို ကြိုဆိုနှုတ်ဆက်ခဲ့ပါသေးတယ်။ "ဆော်ဒီခရီးသွားသံတမန်မက်ဆီနဲ့ သူ့မိသားစုရဲ့ ဆော်ဒီဒုတိယမြောက်ခရီးစဉ်ကို ပျော်ရွှင်စွာနဲ့ ကြိုဆိုပါတယ်။ စစ်မှန်တဲ့ ဆော်ဒီကို အားလုံးနဲ့အတူ မျှဝေရတဲ့အတွက် ဝမ်းမြောက်မိပါတယ်" လို့ ရေးသားခဲ့တာပါ။ 

မက်ဆီကလည်း သူ ဆော်ဒီကို ရောက်ရှိနေတဲ့အကြောင်း အင်စတာဂရမ်မှာ ဓာတ်ပုံနဲ့အတူ ဖော်ပြခဲ့ပါတယ်။ မက်ဆီဟာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးပါဘူး။ သူ့ကို ဆော်ဒီကလပ်တွေဖြစ်တဲ့ အယ်လ်အီတီဟတ်နဲ့ အယ်လ်ဟီလယ်တို့က စိတ်ဝင်စားနေပြီး တနှစ်လုပ်ခ ယူရိုသန်း ၄၀၀ အထိ ပေးဖို့ အသင့်ဖြစ်နေကြပါတယ်။ 

ဒါကြောင့် အစောပိုင်းမှာ မက်ဆီရဲ့ ဆော်ဒီကို သွားရောက်မှုက အပြောင်းအရွှေ့အတွက် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ မက်ဆီအနေနဲ့လည်း ဒီခရီးစဉ်မှာ သူ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်နိုင်ပြီး ဘယ်လိုတွေဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ 


Share

Loading Next Article...
က္က