နောက်ဆုံးဖိုင်နယ်ပွဲကို ပျော်ပျော်ကြီးအားပေးမယ်။

Russia World Cup 2018 ပွဲစဉ်တွေကိုတော့ မော်ဒယ်လ်မလေး အောန်ဆိုင်းက အကြိတ်အနယ်ကို အားပေးနေတာပါ။ဖိုင်နယ် ပွဲစဉ်မှာတော့ ခရိုအေးရှား အသင်းနဲ့ ပြင်သစ် အသင်းတို့ရဲ့ ယှဉ်ပြိုင်ဖလားလုပွဲမှာတော့ ပြင်သစ်အသင်းကို ပိုပြီးတော့ အနိုင် ရစေချင်တယ်လို့ အောန်ဆိုင်း ကပြောပါတယ်။

Photo: အောန်ဆိုင်းဖေ့စ်ဘွတ်


မော်ဒယ်လ် မလေး အောန်ဆိုင်းတစ်ယောက် Russia World Cup 2018 ပွဲစဉ်ကို အကြိတ်အနယ်အားပေးနေပုံပါပဲ။ ဇူလိုင်လ ၁၀ ရက်နေ့ ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပြင်သစ်အသင်း နဲ့ ဘယ်လ်ဂျီယံအသင်း ပွဲစဉ်၊ ခရိုအေးရှားအသင်း နဲ့ အင်္ဂလန်အသင်း တို့ရဲ့ ဂိုးရလဒ်တွေ အပေါ် သုံးသပ်ပြောပြလိုက်ပါတယ်။

'' Shooting မှာပြောနေတာ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတုန်းကလည်း ပြင်သစ်နိုင်လိမ့်မယ်၊ မနေ့ညလေ ခရိုးအေးရှားနိုင်လိမ့်မယ်လို့ ဘာ ကြောင့်လည်း ဆိုတော့ နှစ်သင်းလုံးက အာဂျင်အသင်းကို နိုင်ထားတော့ စိတ်ထဲမှာထင်နေတာ Croatia ကဖြတ်မျဉ်း ဆိုပေမဲ့ အုပ်စုပွဲစဉ် တိုက်သုံးတိုက်ကို နိုင်အောင်ကစားထားတာ'' ဆိုပြီးတော့ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လည် ၁၂နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါ တယ်။

Photo: အောန်ဆိုင်းဖေ့စ်ဘွတ်


အောန်ဆိုင်းဟာ ခရိုအေးရှားအသင်းက အာဖရိက၊ တောင်အမရိက၊ Argentina ၊ Iceland စတဲ့ အသင်းတွေကို အနိုင်ယူ ကစားနိုင်ခဲ့ချိန်က တည်းက အထင်ကြီးပြီး ခန့်မှန်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်အသင်းပဲ နိုင်နိုင် နောက်ဆုံးကစားပွဲကို အားပါးတရနဲ့ အားပေးသွားမယ်လို့ ဆိုပါတယ်။

''final ရောက်ဖို့ဆိုတာ ကံကောင်းဖို့ လည်း လိုတယ်။ WCမှာ ပျော်တဲ့သူ ကြေကွဲတဲ့သူ ပြောင်သွားတဲ့သူ Final မှာ ပြင်သစ်ကိုပို နိုင်စေချင်တယ်။၂၀၀၆ တုန်းကလည်း ကောင်းရဲ့သားနဲ့ penalty နဲ့ Italy ကိုရှုံးသွားတယ် ၂၀၁၆ ယူရို final မှာလည်း သိတဲ့အတိုင်း ရသင့်ပါပြီ။ Final ကိုပျော်ပျော်ကြီးကြည့်မယ် ဘယ်သူဘဲရရ'' ပါ ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: အောန်ဆိုင်းဖေ့စ်ဘွတ်

မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ ထူးထူးခြားခြားဆုတောင်းစကားဆိုလိုက်တဲ့ အောန်ဆိုင်း

အောန်ဆိုင်းက အားကစားဘက်ကိုလည်း ဝါသနာပါသူဖြစ်ပြီး အနုပညာကိုလည်း ဝါသနာပါတာကြောင့် အခုဆိုရင် အောင်မြင်တဲ့ မော်ဒယ်လ် တစ်ယောက်ဖြစ်နေပါပြီ။ သူ့ကိုတော့ လက်ရှိ ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်တချို့နဲ့ အတူ တက်သစ်စ မော်ဒယ်လ် တွေရဲ့ အားကျအတုယူခြင်းလည်း ခံရသူတစ်ဦးဖြစ်ပါတယ်။


Photo: အောန်ဆိုင်းဖေ့စ်ဘွတ်


မော်ဒယ်လ်အပိုင်းမှာ အောင်အောင်မြင်မြင်နဲ့ ရပ်တည်နေတဲ့ အောန်ဆိုင်းဟာ သူ့ရဲ့ ပထမဆုံး သရုပ်ဆောင်အလုပ်လည်းဖြစ်၊ ပထမဆုံးရိုက် ကူးလက်ခံဖြစ်တဲ့ နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကိုလည်း လက်ရှိမှာ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ) နဲ့ အတူရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း အောင်မြင်တဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က