မူလ အတည်ပြုထုတ်ပြန်ထားမှုထက် တစ်လနီးပါးစောနေခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့အနီး ဆေးရုံတစ်ရုံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က အဆုတ်ရောင်ရောဂါ သံသယကြောင့် ကုသမှုခံယူခဲ့ရတဲ့ လူနာတစ်ဦးဟာ အမှန်တစ်ကယ်အားဖြင့် COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိခဲ့သူ ဖြစ်တယ်လို့ ၎င်းရဲ့ဆရာဝန်က ပြောပါတယ်။

(Photo: AFP)

ထိုအခြေအနေအရ ဗိုင်းရပ်စ်ဟာ ဥရောပကို မူလ ထင်ထားခဲ့တာထက် တစ်လနီးပါးစောပြီး ပျံ့နှံ့ရောက်ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါက်တာ Yves Cohen ရဲ့ အဆိုအရ ထိုစဥ်က လူနာရဲ့ ဓာတ်ခွဲနမူနာကို လတ်တလော စစ်ဆေးကြည့်ခဲ့ရာမှာ COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။



ဒီဇင်ဘာလကုန်ပိုင်းမှာ နေမကောင်းဖြစ်ပြီးကတည်းက ပြန်လည်သက်သာခဲ့ပြီးဖြစ်တဲ့ လူနာ အမျိုးသားဟာ ခရီးသွားခဲ့ဖူးခြင်းလည်း မရှိတာကြောင့် မည်သည့်နေရာကနေ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း မသိဘူးလို့ ပြောခဲ့ပါတယ်။ ပထမဆုံး ဗိုင်းရပ်စ် ကူးစက်ခံလူနာဟာ ဗိုင်းရပ်စ် မည်သို့ကူးစက်ပျံ့နှံ့မှုကို သိနားလည်နိုင်ရန် အဓိကကျပါတယ်။

(Photo: Reuters)

အဆိုပါ လူနာဟာ ပါရီအရှေ့မြောက်ဘက် Bobigny အရပ်မှ အသက် ၄၃ နှစ်အရွယ် Amirouche Hammar ဆိုသူ အမျိုးသားဖြစ်ကြောင်း ပါရီမြို့အနီးရှိ Avicenne နဲ့ Jean-Verdier ဆေးရုံတွေရဲ့ အရေးပေါ်ဆေးကုသရေးဌာန အကြီးအကဲ ဒေါက်တာ Yves Cohen က ပြောခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ က္ခဏာပြသူရန် ငါးရက်နဲ့ ၁၄ ရက်ကြား အချိန်ကြာတတ်ရာ Amirouche Hammar ဟာ ဒီဇင်ဘာ ၁၄ ရက်နဲ့ ၂၂ ရက်ကြားမှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာက သုံးသပ်ထားပါတယ်။

ထိုလူနာဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က ချောင်းခြောက်ဆိုးခြင်း၊ ဖျားခြင်းနဲ့ အသက်ရှူရခက်ခဲခြင်း လက္ခဏားများနဲ့ ဆေးရုံတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပြန်လည်သက်သာသွားခဲ့ကြောင်း သိရပါတယ်။ မူလက တရားဝင် ထုတ်ပြန်ထားခဲ့မှုအရ ပြင်သစ်နိုင်ငံရဲ့ ပထမဆုံး COVID-19 လူနာကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။

(Photo: Reuters)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ အစောပိုင်းမှာ ကူးစက်ခံထားရမှုတွေ ထွက်ပေါ်လာနိုင်ကြောင်း ပြောထားပါတယ်။ နိုင်ငံများအနေနဲ့ ပိုမိုရှင်းလင်းတဲ့ ကူးစက်ဖြစ်ပွားမှု အခြေအနေကို သိရှိနိုင်ရန် အလားတူ ရောဂါဖြစ်ပွားမှု မှတ်တမ်းတွေကို စစ်ဆေးကြရန် WHO ပြောခွင့်ရပုဂ္ဂိုလ် Christian Lindmeier က တိုက်တွန်းခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနကလည်း အစိုးရအနေနဲ့ ယခုကူးစက်မှုကို အတည်ပြုသိရှိထားပြီး လိုအပ်ပါက နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာသာမက အမေရိကန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်နွယ်နေတဲ့ ပထမဆုံး သေဆုံးမှုဟာ မူလ ထင်ထားခဲ့တာထက် တစ်လနီးပါးစောပြီး ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က