စာလုံးတခု ကုန်သွားလို့ လီဝန်ဒေါစကီးရဲ့ဂျာစီကို ဝယ်မရဖြစ်ခဲ့တာပါ။

ဘာစီလိုနာဟာ တိုက်စစ်မှူးသစ် လီဝန်ဒေါစကီးရဲ့ဂျာစီကို ရောင်းချတဲ့နေရာမှာ အခက်အခဲတခုကြောင့် ရောင်းချမှုရပ်ဆိုင်းသွားတယ်လို့ သိရှိရပါတယ်။ အဆိုပါ ပိုလန်တိုက်စစ်မှူးဟာ ဒီတပတ်အတွင်းမှာမှ ဘာစီလိုနာကို ပူပူနွေးနွေးရောက်ရှိလာခဲ့တာဖြစ်ပါတယ်။



ဒီကစားသမားရဲ့ဂျာစီကို ရောင်းချဖို့အတွက် တံဆိပ်ရိုက်တဲ့နေရာမှာ W ဆိုတဲ့ စာလုံးမရှိတော့တာကြောင့် အခုလိုပဲ အခက်ကြုံခဲ့ရတာပါ။ လီဝန်ဒေါစကီးရဲ့နာမည်စာလုံးပေါင်းမှာ W နှစ်လုံးအထိ ပါဝင်ပြီး ဒီစာလုံးကို ထည့်သွင်းရိုက်နှိပ်ဖို့အတွက် ဘာစီလိုနာတို့ မတတ်နိုင်ခဲ့ဘူးလို့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုအရ သိရှိရပါတယ်။



ပရိသတ်တယောက်က သူ့အနေနဲ့ ဘာကြောင့် လီဝန်ဒေါစကီးဂျာစီကို ဝယ်ယူလို့မရတာလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာအမှတ်တရပစ္စည်းတွေရောင်းချနေတဲ့ဆိုင်က ဝန်ထမ်းက သူတို့ဆီမှာ W ဆိုတဲ့ စာလုံးကုန်သွားပြီဖြစ်တဲ့အကြောင်း၊ လီဝန်ဒေါစကီးရဲ့နာမည်မှာ အဆိုပါစာလုံးနှစ်လုံးအထိ ပါဝင်နေကြောင်း ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။

ဒီလိုမျိုးဖြစ်ခဲ့တာက ဒီတဆိုင်တည်းမှာတင် မဟုတ်ခဲ့ပါဘူး။ ဘာစီလိုနာအမှတ်တရပစ္စည်းတွေကို တရားဝင်ရောင်းချတဲ့ အခြားသောစတိုးဆိုင်မှာလည်း ဒီလိုမျိုးပဲ လီဝန်ဒေါစကီးရဲ့ ဂျာစီတွေကို ရောင်းချနိုင်ခြင်းမရှိတော့တာပါ။ ဝန်ထမ်းတွေကတော့ “လူတိုင်းက လီဝန်ဒေါစကီးဂျာစီကိုပဲ လိုချင်နေလို့ ဒီလိုဖြစ်ခဲ့ရတယ်” လို့ ဖြေရှင်းခဲ့ပါတယ်။

လက်ရှိဘာစီလိုနာကစားသမားတွေထဲမှာ နာမည်အတွင်း W စာလုံးပါဝင်တာက လီဝန်ဒေါစကီးအပြင် ဘရိတ်ဝိတ်တယောက်တည်းရှိတော့တယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် စပိန်နဲ့ကတ်တလန်ဒေသမှာ ဒီစာလုံးက အသုံးနည်းပြီး ကန့်သတ်မှုတွေရှိနေတဲ့ စာလုံးဖြစ်တာကြောင့် ဘာစီလိုနာတို့ အခုလိုမျိုး အခက်ကြုံခဲ့ရတာလည်းဖြစ်နိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က