ဖွေးဖွေးဟာ ဆံရစ်ဝိုင်း ဆံပင်ကေလေးကိုမှ အရှေ့ဆံမြိတ်စလေးတွေကို နှဖူးရဲ့ တစ်ဝက် ညှပ်ထားတာ ဖြစ်ပါတယ်။ ဒီဆံပင်ကေကတော့ တော်ရုံ မိန်းက ေလေးညှပ်ဖို့ဆိုတာ ခက်ခဲတဲ့ ဆံပင် စတိုင်လ်မျိုးပါ။
ဖွေးဖွေးကတော့ သူမရဲ့ ဆံပင်စတိုင်လ်အသစ်လေးအကြောင်းကို ပြောပြလာပါတယ်။ ၂၀၂၀ အတွင်းမှာတော့ သူ့အတွက် စိတ်ပျော်စေမယ့်အရာတွေကိုပဲ ရွေးချယ် ပြုလုပ်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ကိုယ့်ကိုယ်ကိုယ် အရမ်းရိုးလာတော့ ဘာလုပ်ရမှန်း မသိဘူး။ ပြီးတော့ ဆံပင်မညှပ်ခင်တုန်းက ဆံရစ်ဝိုင်းကေလေး ညှပ်လိုက်ရတယ်။ အဲဒီဆံပင်နဲ့လည်း ကွဲသွားအောင်ဆိုပြီးတော့ ထပ်တိုလိုက်တာ။ ရုပ်ရှင်ရိုက်လို့ပြီးသွားတော့ စိတ်ကို နည်းနည်း Fresh ဖြစ်ချင်လို့ ကာရိုက်တာတွေထဲကနေ ထွက်ပြေးလိုက်တာပေါ့နော် " လို့ သူကဆိုပါတယ်။
ဖွေးဖွေး ဟာ ရုပ်ရှင်ဇာတ်ကားတွေ၊ ကြော်ငြာတွေထဲမှာ အရမ်းကို ချစ်စရာလည်းကောင်း၊ ဖက်ရှင်ကျကျ ဝတ်တတ်ပေမယ့် အပြင်က ပုံစံနဲ့ကတော့ လုံးဝ မတူဘူးလို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
“ အပြင်မှာလည်း ရူးကြောင် မူးကြောင်အဝတ်အစားပဲ ဝတ်ပြီးတော့နေတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အရူးလို သဘောထားပြီးတော့ နေနေတယ်။ ဒီအတွက် သေချာ သီးသန့်ကြီးစဉ်းစားထားတာမျိုးမရှိပါဘူး။ စိတ်ကူးပေါက်ရင် ပေါက်သလို လုပ်လိုက်တာမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် ချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၂ ရက်နေ့က ရွှေနန်းတော်ရဲ့ သိန်း ၃၀၀၀ ကံစမ်းမဲပေးပွဲကြီးကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။