မိုနာကို,ကို နောက်ကျသွင်းဂိုးနဲ့ သရေယူပြီး အချိန်ပိုမှာ အနိုင်ကစားနိုင်ခဲ့တာပါ။

နစ္စတယ်ရွိုင်းရဲ့ PSV အသင်းကတော့ ချန်ပီယံလိဂ်ခြေစစ်ပွဲနောက်ဆုံးအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါပြီ။ ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ မိုနာကိုနဲ့ပွဲမှာ နောက်ကလိုက်ကစားပြီး အချိန်ပိုအရောက်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ဝင်ရောက်ခွင့်ရဖို့အတွက် လက်တကမ်းသာ လိုအပ်တော့ပြီး နစ္စတယ်ရွိုင်းရဲ့ ပွဲဦးထွက်နည်းပြသစ်ဘ၀ကတော့ မှတ်ကျောက်တင်ခံရတော့မှာဖြစ်ပါတယ်။ 

ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တဲ့ မိုနာကိုကို အဝေးကွင်းမှာ ၁-၁ စီ သရေကျအောင် ကစားနိုင်ခဲ့ပြီးနောက် PSV က သူတို့အိမ်ကွင်းမှာ ၂-၂ ဖြစအောင်ကစားနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၈၉ မိနစ်အထိ အရေးနိမ့်နေခဲ့ပေမယ့်လည်း ချေပဂိုးကို ပြန်သွင်းနိုင်ခဲ့ပြီး အချိန်ပိုမှာ အသင်းခေါင်းဆောင် လုခ်ဒီဂျောင်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့လို့ ၃-၂ နဲ့ အနိုင်ရခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် ၄-၃ နဲ့ PSV တို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

အဆုံးအဖြစ်ဖြစ်လာမယ့် ပလေးအော့ပွဲကိုတော့ ရိန်းဂျားနဲ့ ကစားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ရိန်းဂျားစ်ကလည်း ပထမအကျော့မှာ ၂ ဂိုးပြတ်ရှုံးခဲ့ပေမယ့် အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ နိုင်ပွဲပြန်ရခဲ့တာပါ။ ဗန်ဘရွန်ခရော့ခ်ကတော့ သူ့ရဲ့ကစားသမားဘ၀နဲ့ နည်းပြဘ၀မှာ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ PSV ကို ပြန်လည်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ 

ဟော်လန်သားနည်းပြနှစ်ဦးရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် နေရာတနေရာပြိုင်ဆိုင်မှုက ပိုပြီးတော့ ကြည့်ကောင်းမှာသေချာပါတယ်။ နစ္စတယ်ရွိုင်းကလည်း နည်းပြသစ်ဆိုပေမယ့် အသင်းကို တိုက်စစ်ပိုင်းမှာ အကောင်းဆုံးဖြစ်နေအောင် ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းအားနည်းချက်က သူတို့ကို အခက်တွေ့စေနိုင်ပြီး သူတို့လိုပဲ တိုက်စစ်ကောင်းတဲ့ ရိန်းဂျားစ်ကြောင့် သတိကြီးကြီးထားရမှာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က