မိုနာကို,ကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့တာပါ။

PSV နည်းပြသစ်အဖြစ် တာဝန်ယူနေတဲ့ နာမည်ကျော်တိုက်စစ်မှူးဟောင်းကြီး ရုဒ်ဗန်နစ္စယ်ရွိုင်းကတော့ ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ်ကစားခဲ့တဲ့ မိုနာကိုန​ဲ့ အဝေးကွင်းမှာ ၁ ဂိုးစီသရေရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၈၀ အထိ PSV က ၁ ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီးမှ ချေပဂိုးပေးခဲ့ရလို့ ပြင်သစ်မြေမှာ သရေနဲ့သာ ကျေနပ်ခဲ့ရပြီး နယ်သာလန်မှာကစားမယ့် ဒုတိယအကျော့အတွက်တော့ အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ပွဲမှာ အေဂျက်ဇ်ကို အနိုင်ယူပြီး ဟော်လန်စူပါဖလားဆွတ်ခူးခဲ့တဲ့ PSV က ခြေစွမ်းမာကျောပြီး ကစားသမားကောင်းတွေရှိနေတဲ့ မိုနာကိုကို သရေကစားနိုင်ခဲ့တာ မဆိုးဘူးလို့ ဆိုရမှာပါပဲ။ ဒီရာသီမှာမှ အသင်းကြီးနည်းပြဖြစ်လာတဲ့ နစ္စတယ်ရွိုင်းအတွက် ကြီးမားတဲ့စမ်းသပ်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အကောင်းဆုံးကျော်ဖြတ်ပြနေဆဲဖြစ်ပါတယ်။ 

မိုနာကိုနဲ့ပွဲကတော့ ချန်ပီယံလိဂ်တတိယအဆင့်ခြေစစ်ပွဲဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့ကစားမယ့် ဒုတိယအကျော့ပွဲမှာ အနိုင်ရမယ်ဆိုရင် Play-Off အဆင့်ကို ထပ်မံကစားရမှာဖြစ်ပါတယ်။ Play Off အဆင့်မှာတော့ ရက်ဒ်စတားဘဲလ်ဂရိတ်-ဖြူနစ် တို့ပွဲက အနိုင်ရတဲအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အုပ်စုအဆင့်ကို ဝင်ရောက်ဖို့က အခွင့်အရေးကောင်းတော့ရှိနေပါတယ်။ 

နစ္စတယ်ရွိုင်းအနေနဲ့ မိုနာကိုနဲ့ ဒုတိယအကျော့ပွဲကိုသာ အနိုင်ရအောင်ကစားနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်အုပ်စုအဆင့်ဆီ အသင်းကို ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ နည်းပြဘ၀အစမှာ ကြီးမားတဲ့စွမ်းဆောင်မှုတခုလို့အသိအမှတ်ပြုရမှာလည်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ရိးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းတယောက် အသင်းကို ပို့ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က