ပြင်သစ်အသင်းဖော်တွေကို ပထမပိုင်းအပြီး စိတ်လှုပ်ရှားစရာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ခီလီယန် အမ်ဘာပေဟာ အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်အတွင်း ပြင်သစ်အသင်းဖော်တွေကို ပထမပိုင်းအပြီး စိတ်လှုပ်ရှားစရာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ လီယွန်နယ် မက်ဆီနဲ့ ဒီမာရီယာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တဲ့အတွက် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ချက်ဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်အသင်းဟာ ဒုတိယပိုင်းမှာ ရေကုန်ရေခမ်း တိုက်ပွဲပြန်ဝင်ခဲ့ပြီး အမ်ဘာပေက ပွဲကစားချိန်ပြည့်ဖို့ ၁၀ မိနစ်အလိုမှာ ပြင်သစ်အသင်းကို နာကျင်အချိန်ပိုအထိ ဆက်သွားစေနိုင်မယ့် ချေပဂိုး ၂ ဂိုးကို လျင်လျင်မြန်မြန်နဲ့ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီက ၁၀၈ မိနစ်မှာ အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပေမယ့်လည်း အမ်ဘာပေက ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်အထိ ဆက်လက် ယှဉ်ပြိုင်ခွင့်ရရှိစေမယ့် ဟက်ထရစ်သွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်အသင်းဟာ ပင်နယ်တီ ၂ ကြိမ်အထိ လွဲချော်ခဲ့တာကြောင့် အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားကို တတိယအကြိမ်မြောက် ကိုင်မြှောက်သွားနိုင်ခဲ့တာဖြစ်ပြီး အမ်ဘာပေဟာ ပြိုင်ပွဲတလျှောက်လုံး ပြင်သစ်ရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်ခဲ့တာဖြစ်ပါတယ်။



လက်ရှိမှာတော့ Telefoot က အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးက အာဂျင်တီးနားကို ၂-၀ နဲ့ ရှုံးနိမ့်နေချိန်မှာ အသင်းဖော်တွေကို မိန့်ခွန်းပြောကြားနေတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ဖော်ခဲ့ပြီဖြစ်ပြီး "ငါတို့တွေ လုပ်ခဲ့တာထက် ပိုပြီးဆိုးတာကို လုပ်လို့မရနိုင်တော့ဘူး။ ငါတို့တွေ ကွင်းထဲကို ပြန်သွားမယ်။ သူတို့ကို ကစားခွင့်ပေးမလား ဒါမှမဟုတ် ငါတို့တွေ ကစားမလား။ တစ်ဦးချင်းတိုက်ပွဲတွေမှာ အားထည့်ပြီး တစ်ခုခု လုပ်ကြစမ်းပါ ကိုယ့်လူတို့။ ဒါက ကမ္ဘာ့ဖလား ဗိုလ်လုပွဲ။ အဲဒါက ပြီးသွားပြီ။ သူတို့တွေ ၂ ဂိုးသွင်းခဲ့တယ်။ ငါတို့တွေ ၂ ဂိုးနဲ့ ရှုံးနေတယ်။ ငါတို့တွေ ပြန်လာနိုင်ပါတယ် ကိုယ့်လူတို့။ ဒီပြိုင်ပွဲက ၄ နှစ်မှ တစ်ခါ ကစားရတာ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က