ပထမပိုင်းအပြီးမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ဘန်လေနဲ့ မန်စီးတီးတို့ရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ မန်စီးတီးက ဟာလန်းရဲ့ခြေစွမ်းပြမှုနဲ့အတူ သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးအတွက် သွင်းဂိုးတွေကို ဟာလန်းက နှစ်ဂိုး၊ ကွင်းလယ်လူ ရိုဒရီက တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။



လက်ရှိချန်ပီယံ မန်စီးတီးဟာ သူတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်း ကွန်ပနီ ကိုင်တွယ်နေတဲ့ တန်းတက်ဘန်လေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘန်လေက မန်စီးတီးကို တစ်စုံတစ်ရာ အခက်တွေ့အောင် မလုပ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာတင် ဟာလန်းရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့တာပါ။


ဒါပေမယ့်လည်း ဂွါဒီယိုလာနဲ့ ဟာလန်းတို့နှစ်ယောက်က ပထမပိုင်းအပြီးမှာ ဂွါဒီယိုလာရဲ့ ထုံးစံအတိုင်း စကားများသလို အနေအထားမျိုးဖြစ်ခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဟာလန်း နှစ်ဂိုးသွင်းထားပေမယ့် အဆိုပါ တိုက်စစ်မှူးရဲ့ ကစားဟန်ကို ကျေနပ်ပုံမပေါ်ဘဲ သူ့ရဲ့တပည့်ကျော်နဲ့ အပြန်အလှန် ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ဒါ့အပြင် သူတို့နှစ်ယောက်ကို အနီးကပ် လာရောက်ရိုက်ကူးနေတဲ့ ရုပ်သံကင်မရာကိုလည်း ဂွါဒီယိုလာက တွန်းထုတ်ပစ်ခဲ့ပြီး ဂွါဒီယိုလာကတော့ ရာသီသစ် စတင်ချိန်မှာတင် ပရိသတ်တွေအကြား ပြောစရာဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ပရိသတ်တွေကတော့ “ဂွါဒီယိုလာဆိုတဲ့လူက ဘယ်တော့မှ ကျေနပ်နိုင်မယ့်လူမျိုး မဟုတ်ပါဘူး”

“သူ ဘာတွေ ထပ်လိုချင်နေသေးတာလဲ” “ဂွါဒီယိုလာက လူတွေရဲ့ အာရုံစူးစိုက်မှုကို လိုချင်နေတာပါ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ဂိုးသွင်းခြေစွမ်းပြရင်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ဆွတ်ခူးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က