အဆိုပါပွဲမှာ ပီအက်စ်ဂျီက ဒီမာရီယာရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံလိုင်လီတို့ သရေတစ်မှတ်ရရှိဖို့ မျှော်လင့်နိုင်ခဲ့ပေမယ့်လည်း လက်လွှတ်ခဲ့ရပါတယ်။
PSG အတွက် အမှတ်ပေးပွဲစဉ်တွေမှာ သွင်းဂိုးလုံးဝမရရှိသေးတဲ့ မက်ဆီဟာ မနေ့က ကစားခဲ့တဲ့ လိုင်လီနဲ့ပွဲမှာလည်း ပွဲချိန်ပထမပိုင်းမှာပဲ ဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရလို့ ဂိုးပေါက်ထပ်ပျောက်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ ပီအက်စ်ဂျီက ဒီမာရီယာရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံလိုင်လီတို့ သရေတစ်မှတ်ရရှိဖို့ မျှော်လင့်နိုင်ခဲ့ပေမယ့်လည်း လက်လွှတ်ခဲ့ရပါတယ်။
ပိုချက်တီနိုက မက်ဆီရဲ့ နေရာကို အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ အီကာဒီကို ထည့်သွင်းကစားစေခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂျိုနသန်ဒေးဗစ်ရဲ့ ဂိုးကြောင့် လိုင်လီတို့ ဦးဆောင်နိုင်ခဲ့ပြီး ပီအက်စ်ဂျီအရေးနိမ့်ခဲ့ရပါတယ်။ မက်ဆီကိုတော့ ဒဏ်ရာပြသနာကြောင့် လူစားလဲလှယ်မှုပြုလုပ်ခဲ့ရကာ အီကာဒီကိုထည့်သွင်းခဲ့ရပြီး မက်ဆီကတော့ စိတ်ပျက်လက်ပျက်ဟန်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ သွင်းဂိုး ၃ ဂိုးအထိရရှိထားပေမယ့် ပြင်သစ်လိဂ်မှာတော့ ဂိုးပေါက်ပျောက်နေဆဲဖြစ်နေပါတယ်။ ပြိးခဲ့တဲ့ပွဲတွေတုန်းကလည်း လူစားလဲလှယ်ခံရတာကြောင့် ပိုချက်တီနိုနဲ့ အနည်းငယ်အချေအတင်ဖြစ်ပွားခဲ့ပြီး ဒူးဒဏ်ရာပြသနာအနည်းငယ်ရှိနေတာကြောင့်လို့ နည်းပြဖြစ်သူက ပြန်လည်ဖြေရှင်းခဲ့ရပါတယ်
မာကွင်ဟို့စ်က ပီအက်စ်ဂျီအတွက် ချေပဂိုးကို ၇၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ၈၈ မိနစ်မှာ နေမာရဲ့ လှလှပပဖန်တီးပေးမှုကနေ ဒီမာရီယာက အဆုံးသတ်ကာ ပီအက်စ်ဂျီကိုနိုင်ပွဲရစေခဲ့ပါတယ်။ ဒါကြောင့်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ပီအက်စ်ဂျီတို့ ရမှတ် ၃၁ မှတ်နဲ့ ဆက်လက်ဦးဆောင်နေခဲ့ပြီး ဒုတိယနေရာက လန်းစ်ထက် တစ်ပွဲပိုကစားထားကာ ၁၀ မှတ်အထိ ဖြတ်တောက်ထားပြီးဖြစ်ပါတယ်။