ပြည်သူ့အချစ်တော် မင်းသမီး သင်ဇာဝင့်ကျော်က တော့ သူမရဲ့ ပထမဆုံး သီချင်း Video လေး ဖြစ်တဲ့"ကျေနပ်ရတယ်" မှာ ချစ်သူနဲ့အတူ လိုက်ဖက်စွာ တွဲဖက်သရုပ်ဆောင်ထားပါတယ်။
ဓာတ်ပုံ - သင်ဇာဝင့်ကျော်ရဲ့သီချင်းဗီဒီယိုထဲမှ
သရုပ်ဆောင် သက် ဆယ်စုနှစ် တစ်စုကြာ အောင် လုပ်ဆောင်ခဲ့တဲ့ မင်းသမီး သင်ဇာဝင့်ကျော်အတွက် "ကျေနပ်ရတယ်"ဆိုတဲ့သီချင်းလေးက သူ့ရဲ့ပထမဆုံး သီချင်းလေးပဲ ဖြစ်ပါတယ်။
သီချင်းနဲ့ပတ်သက်ပြီး သင်ဇာက သူ့ရဲ့ဆိုရှယ် မီဒီယာထက်မှာ "‘ကျေနပ်ရတယ်’ official music video သင်ဇာ့ရဲ့ပထမဆုံး music video မို့လိုအပ်ချက်တွေတော့ရှိပါတယ်။ဒါပေမဲ့ ပါဝင်သူများအားလုံးအကောင်းဆုံးကြိုးစားထားကြတဲ့အတွက် အားပေးကြပါဦး "ဆိုပြီး သူမရဲ့ပထမဆုံးသီချင်းလေးအတွက် ရေးတင်ထားခဲ့ပါတယ်။
Musice Video လေးထဲမှာတော့ သိပ်ချစ်ရတဲ့ချစ်သူနှစ်ဦးချစ်လျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာရတာမျိုးကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့လိုက်ဖက်လှတဲ့သရုပ်ဆောင်ချက်တွေကြောင့်လည်း ပရိသတ်တွေက အားပေးလက်ခံကြတာကိုလည်းတွေ့ရပါတယ် ။
ဓာတ်ပုံ - သင်ဇာဝင့်ကျော်
"ကျေနပ်ရတယ်"Music Video လေးကိုတော့ မေလ ၇ရက်နေ့ က သင်ဇာဝင့်ကျော်ရဲ့ ဆိုရှယ် မီဒီယာထက်မှာ တင်လိုက်တာဖြစ်ပြီး တစ်နာရီအတွင်းမှာပဲ ကြည့်ရှုသူ နှစ်သိန်းကျော်၊ ပြန်လည်မျှဝေသူ လေးထောင်ကျော် ရှိပါတယ်။ သီချင်းလေးနဲ့ သင်ဇာ့ရဲ့အသံကို နှစ်သက်ကြောင်း comment ပေါင်းကလည်း တစ်နာရီအတွင်းမှာကို တစ်ထောင်နီးပါးရှိနေပါပြီ။
သင်ဇာဝင့်ကျော်က မကြာသေးခင်ကမှပရိသတ်ရှေ့ ထုတ်ဖော် တွဲ ပြခဲ့တဲ့ ချစ်သူအသစ်စက်စက်လေးနဲ့ တွဲ ပြီးသရုပ်ဆောင်ထားတာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ Video အတိုလေးတွေကလည်း ပရိသတ်တွေ အားကျ သဘောကျ စရာဖြစ်ခဲ့ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ တချိန်က အဆိုတော်တစ်ယောက်ရဲ့ သီချင်းတစ်ပုဒ်မှာ Feauring လုပ်ပြီး ဆိုပေးခဲ့တဲ့သီချင်းတစ်ပုဒ် ရှိခဲ့ပေမယ့် အခုထွက်ရှိလာတဲ့ ကျေနပ်ရတယ် သီချငိး Music Video လေးကတော့ သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်ပထမဆုံး သီချင်းလေးပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ - သင်ဇာဝင့်ကျော်
သင်ဇာဝင့်ကျော်ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပြီး အခုနောက်ပိုင်းမှာလည်းသူမရဲ့ ခန္ဓာကိုယ်အလှ ကြောင့် မိန်းကလေးတွေ အားကျ အတုယူရတဲ့ စံပြမင်းသမီးတစ်ဦးအဖြစ် ရပ်တည်လျှက်ရှိပါတယ်။
Share