မက်ဆီဟာ အသင်းအတွက် ၄ပွဲမြောက်ကစားပေးချိန်မှာ ပထမဆုံးဂိုးကို ရရှိခဲ့တာဖြစ်ပြီး မန်စီးတိးကို ၂-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
ပီအက်စ်ဂျီအတွက် ချန်ပီင်္ယံလိဂ်ပွဲမှာ ပထမဆုံးဂိုးသွင်းယူခဲ့့ပြီးနောက် မက်ဆီက သူတို့အသင်းဟာ ပိုပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးပြည့်စုံတဲ့ ညတစ်ညဖြစ်ခဲ့တယ်လို့လည်း မက်ဆီကဆိုခဲ့ပြီး ပထမဆုံးဂိုးအတွက် ကျေနပ်ပျော်ရွှင်နေခဲ့ပါတယ်။ မက်ဆီဟာ အသင်းအတွက် ၄ပွဲမြောက်ကစားပေးချိန်မှာ ပထမဆုံးဂိုးကို ရရှိခဲ့တာဖြစ်ပြီး မန်စီးတိးကို ၂-၀ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ်။
"ကြီးမားတဲ့ပြိုင်ဘက်နဲ့အတွေ့မှာ ပြည့်စုံတဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်၊ ဘရုဂ်ဂေးနဲ့ သရေကျအပြီးမှာ ကျွန်တော်တို့အတွက်တော့ အရမ်းအရေးပါတဲ့နိုင်ပွဲဖြစ်ခဲ့ပါတယ်၊ ဂိုးသွင်းနိုင်ခဲ့လို့လည်း အရမ်းပျော်ရွှင်မိပါတယ်၊ ကျွန်တော် ပြီးခဲ့တဲ့ရက်အနည်းငယ်မှာ မကစားပေးနိုင်ခဲ့ပါဘူး၊ တစ်ပွဲပဲကောင်းကောင်းကစားနိုင်ပါသေးတယ်၊ နည်းနည်းတော့ အထိုင်ကျလာပါပြီ၊ နိုင်ပွဲရဖို့ ဒီပုံစံက အရေးကြီးပါတယ်"
"ကျွန်တော်တို့ ဆက်ဆံရေးတွေကလည်း ပိုပိုပြီးတော့ ကောင်းမွန်လာပါတယ်၊ အတူတကွတိုးတက်မှုတွေရှိနေပြီး ကစားပုံအဆင့်အတန်းကလည်း တိုးတက်နေပါတယ်၊ ဒါကိုဆက်လုပ်သွားမှာပါ၊ အရမ်းအင်အားကြီးတဲ့ ပြိုင်ဘက်နဲ့အတွေ့မှာ အရေးပါတဲ့နိုင်ပွဲကိုရခဲ့ပါတယ်၊ သူတို့က မနှစ်က ဗိုလ်လုပွဲရောက်ခဲ့တဲ့ အသင်းပါ၊ ဒီခြေစွမ်းကိုထိန်းသိမ်းပြီးတော့ အနာဂတ်မှာ အများကြီးတိုးတက်လာအောင်ကြိုးစားသွားပါမယ်" လို့ Canal+ ကတဆင့် မက်ဆီက ပြောခဲ့ပါတယ်။