မက်ဆီရဲ့ သွင်းဂိုးကြောင့်ပဲ နိုင်ပွဲရရှိခဲ့တာပါ။

ဒီနေ့ မနက် ကစားခဲ့တဲ့ ခရုဇ်အေဇူလ်နဲ့ အင်တာမိုင်ယာမီတို့ရဲ့ လိဂ်ဖလားပွဲမှာတော့ မက်ဆီက အင်တာမိုင်ယာမီ ကစားသမားဘဝ ပထမဆုံးပွဲအဖြစ် လူစားဝင်ကစားခဲ့ပါတယ်။ အကောင်းဆုံးအချက်ကတော့ မက်ဆီတစ်ယောက် ဖရီးကစ်ကနေပါ တိုက်ရိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းကို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။




မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ အသင်းနဲ့ စတင်ပူးပေါင်းခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ အသင်းရဲ့ အရန်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ မက်ဆီနည်းတူ ဘူးစကွက်စ်လည်း အရန်ခုံမှာ ပါဝင်လာခဲ့ပြီး ဒုတိယပိုင်းမှာတော့ နှစ်ယောက်စလုံးက လူစားဝင်ကစားခဲ့ကြပါတယ်။

မက်ဆီ မဝင်ခင်မှာ အင်တာမိုင်ယာမီက တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ထားတာဖြစ်ပြီး မက်ဆီ ဝင်လာပြီးနောက်ပိုင်းမှာတော့ အသင်းက ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်အချို့က GOAT Effect လို့ဆိုကာ မက်ဆီကို လှောင်ပြောင်ခဲ့ပြီး မက်ဆီဝင်လာပြီးမှ ဂိုးပေးလိုက်ရတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း မက်ဆီက အသင်းကို ကယ်တင်ဖို့ အသင့်ရှိနေခဲ့ပြီး မက်ဆီရှိနေတာက အင်တာမိုင်ယာမီအတွက် ဘယ်လောက်အကျိုးရှိစေလဲဆိုတာကို သက်သေပြခဲ့ပါတယ်။ မက်ဆီဟာ ဒီပွဲရဲ့ ပွဲကစားချိန် နောက်ဆုံးမိနစ် နာကျင်အချိန်ပိုမှာ ရရှိလာခဲ့တဲ့ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းပြီး အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။


မေဂျာလိဂ်မှာ ဆက်တိုက် ရလဒ်တွေဆိုးရွားနေတဲ့ အင်တာမိုင်ယာမီကတော့ အခု လိဂ်ဖလားပွဲမှာ မက်ဆီရဲ့ ကယ်တင်မှုနဲ့အတူ နိုင်ပွဲရရှိခဲ့ပြီး မက်ဆီအတွက်လည်း အဖွင့်လှသွားခဲ့ပါတယ်။ ဒီပွဲကို အင်တာမိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းလည်း လာရောက်ကြည့်ရှုခဲ့ပြီး မက်ဆီရဲ့ အနိုင်ဂိုးအတွက် မျက်ရည်တွေပါဝဲတဲ့အထိ အောင်ပွဲခံသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က