၁ ဂိုးသွင်းပြီး ၂ကြိမ်ဖန်တီးပေးခဲ့တာပါ။

အင်တာမိုင်ယာမီနဲ့ ကစားနေတဲ့ ခြေစမ်းပွဲမှာ ဘာစီလိုနာကစားသမားသစ်ရာဖင်ဟာက ပထမပိုင်းမှာပ​ဲ အသင်းအတွက် အနိုင်ဂိုး ၁ ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပထမပိုင်းမှာ ဘာစီလိုနာတို့ရရှိခဲ့တဲ့ အနိုင်ဂိုး ၃ ဂိုးစလုံးမှာ ရာဖင်ဟာက တိုက်ရိုက်ပါဝင်ပတ်သက်နေခဲ့တာဖြစ်ပြီး အန်ဆူဖာတီနဲ့ အော်ဘာမီယန်တို့အတွက်ပါ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ 



ဘာစီလိုနာရဲ့ ဒီရာသီ ပထမဆုံးခြေစမ်းပွဲဖြစ်ပြီး ပထမပိုင်းပွဲထွက်လူစာရင်းမှာ ရာဖင်ဟာ၊ အော်ဘာမီယန်နဲ့ အန်ဆူဖာတီတို့က တိုက်စစ်ပိုင်းနေရာမှာ တာဝန်ယူခဲ့ပြီး ကွင်းလယ်မှာ ဂွန်ဇာလက်ဇ်၊ ကက်ဆီ၊ ပီဒရီတို့ ပါဝင်ခဲ့ကာ နောက်တန်းမှာတော့ ဒက်စ်၊ ခရစ္စတီယန်ဆန်၊ အဲရစ်ဂါစီယာ၊ ဘယ်လ်ဒီနဲ့ ဂိုးသမားအဖြစ် တာစတီဂန်တို့ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ 



ပေါင် ၅၅ သန်းနဲ့ ဘာစီလိုနာကို ရောက်ရှိလာတဲ့ ရာဖင်ဟာက ပွဲချိန် ၁၉ မိနစ်မှာ အော်ဘာမီယန်အတွက် ဖန်တီးပေးခဲ့သလို ၂၅ မိနစ်မှာ သူကိုယ်တိုင်အတွက် တဂိုးသွင်းယူပြီး ၄၁ မိနစ်မှာ အန်ဆူဖာတီအတွက် ထပ်မံဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီလိုခြေစွမ်းပြသမှုတွေက ဘာစီလိုနာရဲ့ ညာတောင်ပံတိုက်စစ်အတွက် ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

ဇာဗီလက်အောက်မှာ နေရာရဖို့အတွက် ရာဖင်ဟာက ပထမဆုံးပွဲမှာတင်ပဲ ခြေစွမ်းပြနိုင်ဖို့ အားထုတ်ခဲ့ပြီး အားထုတ်မှုတွေက အရာထင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းက မေဂျာလိဂ်ကလပ်ဖြစ်နေလို့ ထောက်ပြစရာရှိပေမယ့်လည်း ရာဖင်ဟာရဲ့ သွင်းဂိုး ၃ ဂိုးစလုံး ပါဝင်ပတ်သက်မှုကတော့ အထင်မကြီးဘဲမနေနိုင်အောင် ဖြစ်နေခဲ့ရပြီး ဘာကာပရိသတ်တွေကိုလည်း စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က