တသင်းလုံးမှာ သူ အနည်းဆုံးဖြစ်ခဲ့တာပါ။

ရီးရဲလ်ဆိုဆီဒက်ကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားပုံက ပြန်လည်ဆိုးရွားသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ၄ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ ကစားသမားအပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး ခံစစ်ပိုင်းမှာ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်ကို တွဲဖက်ပေးခဲ့သလို ကွင်းလယ်မှာ ဖရက်ဒ်နဲ့ ကက်စ်မဲရိုး၊ တိုက်စစ်ပိုင်းမှာ ရော်နယ်ဒိုတို့ကို ပွဲထွက်စေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ပွဲတွေမှာ တန်ဟက်ဂျ်အသုံးပြုခဲ့တဲ့ ပုံမှန်လူစာရင်းမဟုတ်ခဲ့တာကြောင့် ယူနိုက်တက်ခြေစွမ်းက ကျဆင်းခဲ့တယ်လို့ ယူဆရပါတယ်။ ဆိုဆီဒက်ကို အိမ်ကွင်းမှာ အသာစီးရဖို့ တော်တော်လေးကြိုးစားခဲ့ရပြီ ဒီနောက်မှာတော့ မာတီနက်ဇ်ရဲ့ လက်နဲ့ထိပြီးပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် အရေးနိမ့်ခဲ့ကာ လက်ကျန် ၅ ပွဲမှာ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ 

ယူနိုက်တက်ကို ပထမဆုံးအကြိမ်ပြောင်းရွှေ့ခဲ့ချိန်ကစလို့ ယူရိုပါလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်ဝင်ရောက်ကစားခဲ့ရတဲ့ ရော်နယ်ဒိုအတွက်လည်း ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတဲ့အပြင် rating သတ်မှတ်မှုအပိုင်းမှာလည်း ယူနိုက်တက်ကစားသမားတွေထဲ အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ rating ၅.၅ သာ ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီဂီယာက ၆၊ ဒါလော့ ၆.၅၊ မက်ဂွိုင်းယား ၆၊ လင်ဒီလော့ဖ် ၆.၅၊ မာလာစီယာ ၆.၅၊ အဲရစ်ဆန် ၆.၅၊ အန်တိုနီ ၆.၅၊ ဖရက်ဒ် ၆.၅၊ အီလန်ဂါ ၇ ၊ ရော်နယ်ဒို ၅.၅ ရရှိခဲ့ပြီး လူစားဝင်လာတဲ့ မာတီနက်ဇ်က ၆ ၊ ဖာနန်ဒက်စ်က ၆.၅၊ ဆန်ချို ၆၊ ဂါနာချို ၆ ဖြစ်ပါတယ်။ ဒီအတွက် ရော်နယ်ဒိုက ယူနိုက်တက်အသင်းတသင်းလုံးမှာ rating အနည်းဆုံးဖြစ်ခဲ့ရပါတယ်။ 


စပို့တင်းကစားသမားဘ၀မှာ ရော်နယ်ဒိုက ယူရိုပါလိဂ်ကစားခဲ့ဖူးပြီး ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ချိန်ကစလို့ ပြီးခဲ့တဲ့ရာသီအထိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်တိုက်ပါဝင်ကစားနေခဲ့သူဖြစ်ပါတယ်။ ဥရောပထိပ်တန်းလိဂ်ကစားသမားဘ၀မှာ ပထမဆုံးအကြိမ် သူ ကစားခဲ့ရချိန်မှာတော့ အသင်းလည်းရှုံး၊ စွမ်းဆောင်ရည်လည်း နိမ့်ကျနေခဲ့တာဖြစ်ပါတယ်။ 


ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းနဲ့ ကစားသမားဘ၀ကို စတင်ခဲ့ပြီး ၂၀၀၃ မှာ မန်ချက်စတာယူနိက်တက်ကိုပြောင်းရွှေ့ခဲ့ရာကနေ နာမည်ကျော်ကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ကစားသမားဘ၀ အအောင်မြင်ဆုံးအချိန်တွေပိုင်ဆိုင်ခဲ့ပြီး ၂၀၁၉ မှာ ဂျူဗင်တပ်စ်ကို ထပ်မံပြောင်းခဲ့ပြီး ၃ နှစ်ကစားခဲ့တဲ့နောက် အသင်းဟောင်းယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာခဲ့တာပါ။ အသက် ၃၇ နှစ်အရွယ်အထိ ထိပ်တန်းအဆင့်မှာကစားနေနိုင်ဆဲဖြစ်ပြီး ကစားသမားဘ၀မှာ သွင်းဂိုးအများအပြားကို စံချိန်တင်သွင်းယူနိုင်ခဲ့ပြီး သမိုင်းတလျှောက်အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က