နိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွါးမှုနဲ့အတူ နိုင်ငံရေးမတည်မငြိမ်မှုတွေကြားမှာ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ များစွာထိခိုက်စေခဲ့ကြပါတယ်။

ပဋိပက္ခကာလအတွင်း အရေးပေါ်အခြေအနေအတွက် စားသောက်နေထိုင်ရေးနဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ထားသင့်သလိုပဲ မိမိရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

Photo: WFYI

နိုင်ငံအတွင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွါးမှုနဲ့အတူ နိုင်ငံရေးမတည်မငြိမ်မှုတွေကြားမှာ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ များစွာထိခိုက်စေခဲ့ကြပါတယ်။ ပဋိပက္ခကာလအတွင်းမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေပေါ်မူတည်ပြီး စိတ်ပိုင်းဆိုင်ရာကိုလည်းကြိုတင်ပြင်ဆင်ထားပါ။ ကြိုတင်ပြင်ဆင်ထားခြင်းကြောင့် လက်တွေ့ရင်ဆိုင်လာရတဲ့အခါမျိုးမှာ ကိုယ့်အတွက် ထိခိုက်မှုအနည်းဆုံးနဲ့ ကောင်းစွာကျော်ဖြတ်နိုင်မှာပါ။

Photo: Change

စိတ်ပိုင်းဆိုင်ရာကို ဘယ်လိုပြင်ဆင်မလဲ

ယခုလို ပဋိပက္ခကာလအတွင်းမှာ လူတွေရဲ့ စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်ပူပန်မှုတွေကတော့ ပုံမှန်တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။ ပုံမှန်ထက် အကြောက်လွန်စိုးရိမ်တာမျိုးမရှိဘူးဆိုရင်တော့ မိမိရဲ့ စိတ်အခြေအနေကို ကိုယ်တိုင်ပြုပြင်နေထိုင်လို့ရပါတယ်။ လူတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကလည်း အလွန်အရေးကြီးပါတယ်။ ဒါကြောင့်လည်း ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းတဲ့ လုပ်ထုံးလုပ်နည်း နည်းလမ်းစဉ်တွေနဲ့အတူ ကြည့်ရှုစောင့်ရှောက်ပေးနိုင်ပါတယ်။ ပဋိပက္ခကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပြင်ဆင်တဲ့အခါမှာ ကျန်းမာတဲ့စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေပြုလုပ်ပေးခြင်းနဲ့ အချိန်မှန် အိပ်စက်ခြင်းနည်းလမ်းတွေက များစွာအထောက်အကူဖြစ်စေမှာပါ။ စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာကျန်းမာနေဖို့ အဓိကကျတာကြောင့် ကိုယ့်ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးကိုဂရုစိုက်နေထိုင်သင့်ပါတယ်။

Photo: AJ

အကျပ်အတည်းကာလအတွက် ထားသင့်တဲ့ အခြေခံစိတ်သဘောထား

ပဋိပက္ခကာလအတွင်းမှာ ကိုယ်ပုံမှန်နေထိုင်နေကြ လူနေမှုပုံစံမှုမျိုးမဟုတ်ဘဲ အခက်အခဲ အကျပ်အတည်းတွေနဲ့လည်း ပြောင်းလဲနေထိုင်လာရနိုင်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်တာ၊ ရေမရရှိတော့တာတွေ အပါအဝင် တခြားသောပြဿနာတွေနဲ့ ကြုံတွေ့လာရတာအခါမျိုးမှာ ကိုယ့်ရဲ့ စိတ်အနေအထားကလည်း စိတ်ပျက်အားငယ်လာတက်တာတွေဖြစ်လာနိုင်ပါတယ်။ တကယ်တော့ ဒါက လူတိုင်းကြုံတွေ့လာရနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါ။ဖြစ်လာချိန်မှ ရင်ဆိုင်တာထက် မကြုံတွေ့ခင်ကတည်းက ဖြစ်လာခဲ့ရင် ဘယ်လိုနေထိုင်မလဲဆိုတဲ့စိတ်မျိုးနဲ့ အတွေးမျိုးတွေကို ကြိုတွေးထားပြီး ပြင်ဆင်ထားခဲ့ရင်တော့ လက်တွေ့ကြုံလာတဲ့အချိန်မျိုးမှာ အဆင်ပြေစွာနဲ့ဖြတ်သန်းနိုင်ပါလိမ့်မယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်သလို အများနည်းတူ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် ဖြစ်လာနိုင်တဲ့ အရာတွေကို ကြိုတွေးထားပြီးတော့ ကိုယ့်ရဲ့ စိတ်ကို အကောင်းဆုံးပြင်ဆင်ထားဖို့လိုပါတယ်။

Photo: The Samikhsya

မလုံခြုံတော့တဲ့ ပတ်ဝန်းကျင်

ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ ဘေးအန္တရာယ်တွေကြောင့် နေထိုင်ရတာ မလုံခြုံတော့တဲ့အခါမျိုးမှာ စိုးရိမ်ပူပန်မှုတွေဖြစ်တတ်ကြပါတယ်။ ရုတ်တရက် အန္တာရာယ်တွေနဲ့ ကြုံတွေ့လာရတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ ကြောက်ရွံတဲ့စိတ်တွေက ကိုယ့်ကိုကိုယ်ပြန်ပြီးဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ကိုအေးအေးထားပါ။ အကြောက်လွန်ခြင်းကြောင့်ပဲ မလိုလားအပ်တဲ့ပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။ အကြောက်လွန် စိုးရိမ်မလွန်ပါနဲ့။ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့စိတ်မျိုးကိုမွေးထားပြီး ဖြစ်ပေါ်လာတဲ့ အန္တရာယ်မျိုးတွေကို မိသားစုနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်ပါ။ ကိုယ်နေထိုင်ရာ နေရာရဲ့ ပတ်ဝန်းကျင်အန္တရာယ်အခြေအနေကိုလည်း အမြဲစောင့်ကြည့်ပြီး သတိပြုနေထိုင်ဖို့လည်း လိုပါတယ်။

အရေးပါ်အခြေအနေမျိုးမှာ လူတွေဟာ အကြောက်လွန်ပြီး ညဘက်အိပ်မပျော်တာတွေဖြစ်လာပါတယ်။ တချို့က ဆေးဝါးအကူအညီတွေနဲ့ပဲ ညဘက်အိပ်ပျော်အောင် ကြိုးစားနေကြရပါတယ်။ အိပ်ဆေးဆိုတာလည်း အချိန်အတိုင်းအတာ တစ်ခုအနေနဲ့သာသောက်သုံးသင့်တဲ့ ဆေးဖြစ်လို့ ဆေးဝါးမှီဝဲပြီး အိပ်ပျော်အောင်ကြိုးစားတာထက် ပုံမှန်စားသောက်နေထိုင်မှုပုံစံတိုင်းနဲပဲ အိပ်ပျာ်နိုင်အောင်ကြိုးစားပါ။ ဆေးဝါးသောက်သုံးမှဖြစ်မယ့် အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။ ပဋိပက္ခကာလအတွင်းမှာ လူတွေဟာအမျိုးမျိုး စိတ်ကော လူကော ပင်ပန်းတဲ့ကာလဖြစ်နေတဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်နေထိုင်ပါ။ ကိုယ်ကျန်းမာမှ စိတ်ကျန်းမာမှာဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေ နေ့စဉ်ပုံမှန်စားသုံးပေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက်ကတော့ အားလပ်တဲ့အချိန်မျိုးမှာ တရားနာ၊ တရားထိုင်တာမျိုးလေးတွေ လုပ်ဆောင်ပေးသင့်တယ်လို့ အထွေထွေအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က