ကလေးကို ပဋိပက္ခ ဘေးအန္တရာယ် တွေ ကြုံလာတဲ့အခါ သေချာ နားလည်အောင် ပြောြပပေးဖို့ လိုအပ်ပါတယ်။

သဘာ၀ဘေး‌ကြောင့်ဖြစ်ဖြစ် လူကြောင့်ပဲဖြစ်ဖြစ် လူသားတွေအနေနဲ့ ပဋိပက္ခတွေအတွင်းမှာ အသက်ရှင်သန်အောင် ဘေးကင်းလုံခြုံ‌အောင် နေထိုင်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဘေးကင်းလုံခြုံအောင်နေထိုင်နိုင်ဖို့ဆိုတာပြည်သူတွေအနေနဲ့ ကြုံတွေ့လာနိုင်ခြေရှိတဲ့အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ကြရပါတယ်။

Photo: PBS

ကြိုတင်ပြင်ဆင်တယ်လို့ဆိုရာမှာ သားသမီးရှိတဲ့ မိဘတွေအတွက် မိမိတို့ရဲ့ ကလေးကို အထူးပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ကလေးရှိတဲ့မိဘတွေအနေနဲ့ ဘေးအန္တရာယ်တွေအကြားရှင်သန်နိုင်အောင် ဘာတွေ သင်ပေးသင့်သလဲ။ ကလေးတွေအတွက် ဘာတွေ ပြင်ဆင်ပေးသင့်သလဲဆိုတာတွေကို Nway Oo Homeschooling မှ အခုလို အကြံပြုမျှ‌ဝေပေးထားပါတယ်။

Photo: Fatherly

ကလေးစားဖို့၊အိပ်ဖို့ ပြင်ဆင်ပေးပါ

အကြောင်းမျိုးစုံကြောင့်ဘေးအန္တရာယ်ကြုံလာရပြီဆိုရင်လူမှာဘေးကင်းလုံခြုံမှုရဖို့အလွန်အ‌ရေးကြီးပါတယ်။ဘေးကင်းလုံခြုံမှုရဖို့အတွက်ဘာတွေလုပ်ပေးရသလဲဆိုတော့ အခြေခံလိုအပ်ချက်တွေကို အရင်ဆုံးလုပ်ပေးရတာြဖစ်ပါတယ်။ ကလေးဖြစ်တဲ့အတွက် ကလေးတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ အိပ်ခြင်း စားခြင်းတို့ကို အဓိက လုပ်ပေးရပါမယ်။ ဘေးကင်းစွာအိပ်စက်နိုင်ဖို့နဲ့ စားသောက်နိုင်ဖို့ကိုသာ အဓိကထား လုပ်ဆောင်ပေးပါ။ သဘာ၀ဘေးအန္တရာယ်တွေ၊ ပဋိပက္ခတွေဖြစ်လာမယ်ဆိုရင် ကလေးရောမိဘကပါ အခု‌ ပြော‌ဆိုနေကြတဲ့ Emergency Bag လိုဟာလေးတွေ ပြင်ဆင်ထားပေးဖို့ လိုအပ်ပါတယ်။ Emergency Bag ထဲမှာ အဓိကကတော့ ကလေးစားဖို့သောက်ဖို့နဲ့အိပ်စက်နိုင်ဖို့လိုအပ်တာတွေကိုပြင်ဆင်ထားပေးပါ။ အဲဒီလို ပြင်ဆင်ပေးထားမယ်ဆိုရင် ကလေးက စစ်ဖြစ်နေတာကို ကြုံဆုံနေရရင်တောင် အိပ်ရတယ်၊ စားရတယ်ဆိုရင် သူလုံခြုံနေတယ်လို့ ခံစားနေရမှာပါ။

Photo: The Japan Time

Emergency Bag ပြင်တဲ့အခါ ကလေးအတွက် ဘာတွေပြင်ဆင်ပေးသင့်လဲ

Emergency Bag ပြင်တဲ့အခါ အစားအစာနဲ့ အာဟာရအတွက်ဆို ကလေး၊ကိုယ်၀န်ဆောင်၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေအတွက် အဓိကက ဖြည့်စွက်စာလိုမျိုးတွေ ပြင်ဆင်ပါ။ ဥပမာ- ဆီရီရယ်လို၊ အာဟာရအပြည့်ပါတဲ့ မုန့်‌ခြောက်ထုပ် စသဖြင့် ကလေးတွေအတွက် အာဟာရှိတဲ့ ဖြည့်စွက်စာ မဖြစ်မနေ သယ်ဆောင်သွားဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက ဓာတ်ဆားပါ။ ကလေးဆိုတာ ဓာတ်ဆား ဆုံးရှုံးလွယ်တတ်ပါတယ်။ သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို အဓိက ပြင်ဆင်ရပါမယ်။ နောက်ပြီး လိုအပ်တဲ့ ဆေး၀ါးတွေ ပြင်ဆင်ပါ။ အရွယ်ရောက်ပြီးသားကလေး ဥပမာ ကိုယ့်ပစ္စည်းကိုယ်သယ်နိုင်တဲ့ ၅ တန်း ၆ တန်းအရွယ်လေးတွေမှာတော့ သူတို့အတွက် သီးသန့် Emergency Bag ပြင်ဆင်ပေးထားပါ။

Photo: Taiwan News

ကလေးနဲ့မိဘအကြားကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ပါ

မြန်မာနိုင်ငံမှာက သဘာ၀ဘေးအန္တရာယ်တွေ ပဋိပက္ခတွေ ကြုံလာပြီဆိုရင် ကလေးတွေကို ဘယ်လိုနေထိုင် ပြုမူသင်ကြားပေးရမလဲဆိုတာ သိပ်ပြီးမရှိပါဘူး။ တစ်ခြားနိုင်ငံတွေမှာတော့ အဲဒါအတွက် သင်ခန်းစာတွေ သင်ပေးတာမျိုးတွေ တွေ့ရပါလိမ့်မယ်။ အခုချိန်မှာတော့မိဘတွေက ဒါကိုသင်ခန်းစာတစ်ခုလို မသင်ပေး နိုင်တော့ပေမယ့် အခြေခံကျတဲ့အရာတွေကိုသင်ပေးထားဖို့လိုအပ်ပါတယ်။ ဥပမာ-အသံကြားရင် ဘယ်လိုပြေးပုန်းမလဲ ၊ ဘယ်လိုအသံမျိုးကြားရင် မေ့မေ့ဆီလာနော် စသဖြင့် သားသမီးနဲ့ မိဘကြား အချက်ပေးမှုတွေကို ကြိုတင်ဇာတ်တိုက်ထားပါ။ ဘယ်လိုအချက်ပေးမှုမျိုးဆိုရင် ဖေဖေမေမေတို့ ဘာလုပ်ကြမလဲဆိုတာကို ကြိုတင်ပြောထားပါ။ ကလေးနားလည်လွယ်တဲ့အချက်ပေးမှုတွေနဲ့ ကလေးနဲ့ မိဘအကြား ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။

Photo: Taiwan News

ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို ကလေးနားလည်အောင်ပြောပြပေးပါ

ကလေးကို ပဋိပက္ခ ဘေးအန္တရာယ် တွေ ကြုံလာတဲ့အခါ သေချာ နားလည်အောင် ပြောြပပေးဖို့ လိုအပ်ပါတယ်။ အဲလိုရှင်းပြထားလိုက်မယ်ဆိုရင် ကလေးဟာ သူအသက်ရှင်သန်ဖို့ ကြိုးစားရမယ်ဆိုတာကို နားလည်သွား နိုင်ပါတယ်။ကလေးကိုဖြစ်စဥ်အမှန်ရှင်းပြလိုက်လို့ စိတ်ပူလွန်စရာမလိုပါဘူး။ လူရယ်လို့ဖြစ်လာရင် အသက်ရှင်သန်နေထိုင်ရမယ့်နည်းလမ်းကို မွေးရာပါသိတတ်တဲ့စိတ်ရှိပြီးသားဖြစ်ပါတယ်။ ပုံမှန်လူသား တစ်‌ယောက်ရယ်လို့ ဖြစ်လာရင် ဘယ်လိုနည်းလမ်းပဲ ဖြစ်ဖြစ်အသက်ရှင်သန်လိုတဲ့စိတ်ရှိပြီးသား ဖြစ်ပါတယ်။ ဒီလိုရှင်သန်လိုတဲ့စိတ်နဲ့ ဘယ်လိုအကောင်းဆုံးကျော်လွှားဖြတ်သန်းရမလဲဆိုတာကို မိဘက ပြောြပထားဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာ မိဘက မကာကွယ်ပေးနိုင်လိုက်ဘူးဆိုရင်တောင် ကလေးဟာ သူ့ဘာသာသူရှင်သန်အောင် လုပ်ဖို့ ကြိုးစားလိုစိတ်ရှိပါတယ်။ မလိုလားအပ်ဘဲ ကလေးကို ဖုံးကွယ်ပြီးမပြောြပတာမျိုး မလုပ်သင့်ပါဘူး။

“ အခုဒီလိုကာလမျိုးမှာဆိုရင် ပိုပြီးတော့တောင် ဖုံးကွယ်တာမျိုးမလုပ်သင့်ပါဘူး။ ကလေးရဲ့ မျက်စိ‌ရှေ့မှာ မြင်တွေ့ခဲ့ရတဲ့ ပဋိပက္ခတွေ ရှိခဲ့ရင် ဒါဟာဘာဖြစ်ခဲ့သလဲဆိုတာကို သူတို့နားလည်အောင် အနီးစပ်ဆုံး ပြောသင့်ပါတယ်။ ရှင်းပြသင့်ပါတယ်။ ဆိုး၀ါးနေတဲ့ အ‌‌ခြေအနေကို ကလေးကို နားလည်အောင် ပြောြပပေးထားဖို့လိုအပ်ပါတယ်။ သေနတ်သံကြားရင် မိဘတွေအနေနဲ့ ဒါဟာ သေနတ်သံပဲ ဒီလိုအသံဆို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို သေချာရှင်းပြပေးထားသင့်ပါတယ်။ ကလေးဖြစ်တဲ့အတွက် အနိဌာရုံ မြင်ကွင်းတွေ ဖြစ်ရပ်တွေကိုတော့ ပေးမသိစေဘဲ ပကတိ ဖြစ်ပျက်နေတဲ့ အရာတွေကို အမုန်းတရားမပါဘဲ ကလေးကို သေချာနားလည်အောင် ပြောပြပေးဖို့ လိုအပ်ပါတယ်။ ကလေးနားလည်နိုင်တဲ့ အရွယ်၊ သူ့ ဦး‌နှောက်နဲ့ လိုက်မီတဲ့  ပြဿနာတွေ အပေါ်မူတည်ပြီး ပေးသင့်သိသလို လက်ခံတတ်ဖို့လည်း မိဘတွေက ပြောြပပေးပါ” လို့ Nway Oo Home Schooling မှ အကြံပြုပြောဆိုပါတယ်။ 


သတင်းဆောင်းပါးပါအချက်အလက်များသည် Nway Oo Home Schooling မှ ဆွေး‌နွေးအကြံပြုမျှ‌ဝေပေးထားခြင်းဖြစ်ပါသည်။


Share

Loading Next Article...
က္က