မြန်မာနိုင်ငံ စမတ်ဖုန်းဈေးကွက်မှာ ပထမဆုံး မှန်ပြင်အောက် လက်ဗွေစနစ်သုံးတဲ့ ဖုန်းကို ရက်ပိုင်းအတွင်း pre-order မှာနိုင်တော့မှာပါ။
Photo: Vivo
Vivo ဟာ စက်တင်ဘာ ၂၅ ရက်နေ့မှာ Vivo V11 နဲ့V11i မော်ဒယ်နှစ်မျိုးကို ရန်ကုန်မြို့Malia Hotel ၊ Inya Ballroom မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး တရားဝင် မိတ်ဆက်ပွဲမတိုင်ခင် pre-order မှာယူနိုင်မယ်လို့ဆိုပါတယ်။
စက်တင်ဘာ ၂၂ ရက်ကနေ ၂၈ ရက်အထိ တစ်ပတ်တာ pre-order မှာနိုင်မှာ ဖြစ်ပြီး ဈေးကွက်ထဲကိုတော့ Vivo V11 ကို စက်တင်ဘာ ၂၉ နဲ့V11 i ကို အောက်တိုဘာ ၆ ရက်နေ့များမှာ စတင်ဝယ်ယူနိုင်မှာပါ။
ရှေ့ကင်မရာနေရာပဲ notch ထားတဲ့ Halo FullView display ပါ Vivo V11 ဟာ မျက်နှာပြင် ၆.၄၁ လက်မရှိပြီး in-display fingerprint scanner သုံးနိုင်ဖို့Super AMOLED display ပါရှိမှာ ဖြစ်ပါတယ်။
အထက်အောက် ဘေးဘောင်တွေ ပါးနိုင်သမျှ ပါးထားပြီး ကျောဘက်မှာ ထောင်လိုက် dual cameras များ ပါရှိပါတယ်။ Halo FullView display ကြောင့် မှန်ပြင်နေရာယူမှု ၉၁.၂၇% ရှိလာမှာ ဖြစ်ပြီး ဒီဇိုင်းပိုင်းမှာ 19.5:9 aspect ratio သုံးထားလို့သွယ်လျရှည်လျားနေမှာပါ။
ဒီဖုန်းရဲ့ အထူးခြားဆုံး feature တစ်ခုက စတုတ္ထမျိုးဆက် မှန်ပြင်အောက် လက်ဗွေစနစ် ပါရှိတာ ဖြစ်ပြီး မြန်မာပြည်ဈေးကွက်ထဲ ပထမဆုံး ဝင်ရောက်လာမယ့် in-display fingerprint scanner သုံး ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ ကင်မရာပိုင်းမှာ ကျောဘက် 12MP+5MP ထောင်လိုက် ကင်မရာစနစ် သုံးထားပြီး DSLR စံနဲ့ညီတဲ့ Dual Pixel Autofocu စနစ် နဲ့အတူ AI ကင်မရာစနစ်များ အသုံးပြုထားပါတယ်။
ရှေ့ဘက်မှာတော့ IR Face Unlock စနစ်နဲ့မျက်နှာပြင်ဖတ်နိုင်မယ့် နည်းပညာပါရှိသလို 25MP ဆယ်လ်ဖီကင်မရာဟာ AI Portrait နဲ့AI Face Shaping စနစ်များ ပါရှိပါတယ်။ ဘက်ထရီပိုင်းမှာ 3400 mAh ဘက်ထရီနဲ့လာပြီး 18W Dual Engine fast charging အားသွင်းစနစ် ပါလာမယ်လို့ဆိုပါတယ်။
Photo: Vivo
Vivo V11 ဟာ ပြည်တွင်းဈေးကွက်မှာ RAM 6GB/128GB storage ဗားရှင်းနဲ့ထွက်လာမှာဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။
Share