PUBG Mobile နဲ့ MLBB တို့လို လူကြိုက်များမိုဘိုင်းဂိမ်းတွေအတွက် မက်မောလောက်စရာဆုကြေးငွေနဲ့ ပြိုင်ပွဲတွေကတော့ မကြာခင် ရောက်ရှိလာဦးမှာပဲ ဖြစ်ပါတယ်။

    Game Cast Network Myanmar (GCN) ဆိုတာ ပြည်တွင်းပြည်ပ Esports ပြိုင်ပွဲတွေကို မြန်မာဘာသာစကားဖြင့် Casting ပြုလုပ်ပေးနေတဲ့ မြန်မာနိုင်ငံရဲ့ပထမဦးဆုံး အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် GCN ဟာ Esports ပြိုင်ပွဲများကိုလည်း ပွဲစီစဉ်သူအဖြစ်နဲ့ တာဝန်ယူလက်ခံကျင်းပပေးလျက်ရှိပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ပြိုင်ပွဲကြီးများဟာလည်း မနည်းတော့ပါဘူး။

လက်တလောမှာ GCN ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ပေါင်းစုံမိုဘိုင်းဂိမ်းပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲများကိုကျင်းပလျက်ရှိတာကို အများသိကြမှာပါ။ မကြာသေးခင်ကမှ GCN ဟာ သူတို့ထပ်မံပြီး ကြီးမှူးကျင်းပပေးမယ့် ပြိုင်ပွဲများအကြောင်းကို ထုတ်ပြန်သွားပါတယ်။ အဲဒီပြိုင်ပွဲတွေကတော့ Tencent ကမြန်မာနိုင်ငံအတွက် တရားဝင်ပြုလုပ်ပေးတဲ့ PUBG Mobile ပြိုင်ပွဲနဲ့ Moonton ကတရားဝင်ပြုလုပ်ပေးတဲ့ MPL Myanmar Season 3 ပဲဖြစ်ပါတယ်။



PUBG Mobile

      အထက်မှာပြောခဲ့သလိုပဲ ဒီပြိုင်ပွဲဟာ PUBG ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Tencent ကတရားဝင် ပြုလုပ်ပေးတဲ့ပြိုင်ပွဲပါ။ အွန်လိုင်းကနေသာယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် မည်သူမဆို ပေါ့ပေါ့ပါးပါးနဲ့ ဝင်ရောက်ဆော့ကစားနိုင်မှာပဲဖြစ်ပါတယ်။ ဆုကြေးအနေနဲ့ PUBG Mobile ရဲ့ Currency ဖြစ်တဲ့ UC ကိုသာချီးမြှင့်မှာဖြစ်ပါတယ်။ အားလုံးပေါင်းဆုကြေး UC 100,000 ချီးမြှင့်သွားမှာဖြစ်ပြီး ပထမဆု UC 50,000 ၊ ဒုတိယဆု UC 25,000 ၊ တတိယဆု UC 15,000 နဲ့ စတုတ္ထဆု UC 10,000 ဆိုပြီး အသီးသီးပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။


       ပြိုင်ပွဲပုံစံကတော့ ပထမအဆင့်မှာ အုပ်စုခွဲပြီးဆော့ကစားရမှာဖြစ်ပြီး၊ ဒုတိယအဆင့် တဖြစ်လဲ နောက်ဆုံးအဆင့်မှာတော့ အုပ်စုအဆင့်ကိုကျော်ဖြတ်လာနိုင်သူတွေသာ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆၀ အထိ လက်ခံသွားမှာဖြစ်ပြီး အုပ်စုအဆင့်မှာ အသင်း ၂၀ ကို တစ်အုပ်စုစီခွဲကာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ အဆိုပါအုပ်စုတစ်ခုချင်းစီထဲကမှ အမှတ်အများဆုံးအသင်း ၂ သင်း၊ စုစုပေါင်း ၁၆ သင်းသာ နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်မှာပါ။ ဒီပြိုင်ပွဲကိုတော့ ဇူလိုင်လ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားမှာပဲဖြစ်ပါတယ်။

                                

Mobile Legends : Bang Bang

       ဒီပြိုင်ပွဲကတော့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားပြိုင်ပွဲဖြစ်ပါတယ်။ Moonton ကနေ မြန်မာနိုင်ငံအတွက် သီးသန့်ပြုလုပ်ပေးတဲ့ ဒီ MPL Myanmar ဟာ အခုချိန်မှာဆိုရင်တော့ Season 3 အထိတောင် ရောက်နေပါပြီ။ ဒီပြိုင်ပွဲမှာ ပထမအဆင့် လက်ရည်စစ်ပွဲ၊ ဒုတိယအဆင့် ပုံမှန်ရာသီပွဲစဉ် နဲ့ တတိယအဆင့် ရှုံးထွက်ပွဲစဉ်ဆိုပြီး အဆင့်သုံးဆင့် ခွဲခြားထားမှာပဲဖြစ်ပါတယ်။

       အားလုံးပေါင်းဆုကြေး ဒေါ်လာ ၅၀၀၀၀ (မြန်မာငွေ ကျပ်သိန်း၇၅၀ ကျော်) ကိုချီးမြှင့်သွားမှာဖြစ်ပြီး ပထမဆု ဒေါ်လာ ၁၃၀၀၀၊ ဒုတိယဆု ဒေါ်လာ ၆၀၀၀၊ တတိယဆု ဒေါ်လာ ၃၀၀၀၊ စတုတ္ထဆု ဒေါ်လာ ၂၀၀၀၊ ပဉ္စမဆု အတွက် ဒေါ်လာ ၁၀၀၀ ဆိုပြီး အသီးသီးပေးအပ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


       ဒီပြိုင်ပွဲမှာ Season 2 ရဲ့ရလဒ်အကောင်းဆုံးအသင်းတွေဖြစ်တဲ့ Team Resolution ( ယခု Yangon Galaticos ), Burmese Ghouls, Maven Esports, Team Illusion တို့က ပြိုင်ပွဲရဲ့ ပုံမှန်ရာသီပွဲစဉ်အဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကျန်အသင်းများကတော့ လက်ရည်စစ်ပွဲကနေသာ တစ်ဆင့်ချင်းယှဉ်ပြိုင်ရမှာပါ။


       MPL Season 3 မှာ ဒုတိယအဆင့်ဖြစ်တဲ့ ပုံမှန်ရာသီပွဲစဉ်အဆင့်အထိ တက်လှမ်းလာနိုင်သူတွေအတွက် အပတ်စဉ်လစာသဘောမျိုးပေးအပ်သွားဦးမှာဖြစ်ပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့ Mobile Legends : Bang Bang World Championship ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ကိုပါ ရရှိမှာဖြစ်ပါတယ်။


       မြန်မာနိုင်ငံရဲ့ ဆုကြေးအများဆုံးဖြစ်တဲ့ MPL Season3 ကိုဝင်ရောက်ယှဉ်ပြိုင်ချင်သူတွေအတွက် စည်းကမ်းချက်အစုံအလင်နဲ့ Register လုပ်နိုင်မယ့်နည်းလမ်းကို ဇူလိုင်လ ၂၂ ရက်နေ့မှာ Game Cast Network Myanmar ရဲ့ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာကနေ ထုတ်ပြန်သွားမှာဖြစ်တယ်လို့သိရပါတယ်။ 


Written by Myo Thant Kyaw

Share

Loading Next Article...
က္က