သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။

လူမင်းကတော့ နောက်တက်လာမယ့် ရုပ်ရှင်ဥက္ကဌ အပေါ် သူဖြစ်စေချင်တဲ့ အရာကို အခုလို ပြောပြလာပါတယ်။ 

Photo: Amazing Grace



ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ လူမင်းကတော့ နောက်ထပ် အသစ်တက်လာမယ့် ဥက္ကဌဟာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချတတ်သူ သူဖြစ်စေချင်တယ်လို့ Duwun ကနေ ပြောလာပါတယ်။ 

“ ပြတ်ပြတ်သားသား လုပ်တတ်တဲ့ ဥက္ကဌမျိုးတတ်စေချင်တယ်။ အပြောင်းအလဲတစ်ခုအတွက် ဟိုတုန်းကလည်း ကြွေးကြော်ခဲ့ဖူးတယ်။ တကယ်တမ်း လုပ်ရတဲ့အခါမှာ လုပ်လို့မရတာနဲ့ လုပ်ဖို့ ခက်ခဲတဲ့ အပိုင်းလေးတွေ အများကြီး ကြုံရတာမျိုးရှိတယ်။ ဒီအရာတွေကို ကျော်လွှားပြီး အားလုံးထက် ပြတ်သားနိုင်တဲ့ ဥက္ကဌမျိုးကို တက်စေချင်တယ်။ ထောက်ထားငဲ့ညှာစရာတွေ အရမ်းများတာဆိုတော့ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား လုပ်တဲ့ လူမျိုးကို တက်စေချင်တယ်။ အဲဒီလို လူမျိုးကို ဝိုင်းပြီးတော့ အားပေးထောက်ခံစေချင်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

လူမင်းကိုယ်တိုင်ကတော့ ဥက္ကဌရွေးချယ်မှုမှာ ပါဝင်အရွေးခံတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဥက္ကဌလုပ်ခဲ့တဲ့ (၄) နှစ်တာ ကာလမှာ အနုပညာအလုပ်တွေ လျှော့ခဲ့ရတယ်လို့ သူက ပြောပါတယ်။ 

“ ရုပ်ရှင်ဥက္ကဌ ဝင်အရွေးခံဖို့ အစီအစဉ်တော့ မရှိပါဘူး။ ရုံးက ဘုတ်တွေမှာကြည့်တော့ အစ်ကို (၄) နှစ်တောင် လုပ်ခဲ့တာ။ တချို့ ဥက္ကဌတွေဆို ၁ နှစ်၊ ၂ နှစ်ပဲ လုပ်ခဲ့တာ အစ်ကိုလုပ်ခဲ့တဲ့ ၄ နှစ်တာ ကာလက အစ်ကို တကယ်ကို မနားတမ်းရုပ်ရှင်ကားတွေ ရိုက်နေရတဲ့ အချိန်မှာ ကိုယ်ရိုက်ရမယ့် ရုပ်ရှင်ဇာတ်ကားတွေကို လျှော့၊ ဖြတ်ပြီးတော့ စိတ်အားထက်သန်စွာနဲ့ အစ်ကို လုပ်ခဲ့ပြီးပြီ။ အဲဒီလို စိတ်အားထက်သန်ဖို့အတွက် အခုလက်ရှိ အစ်ကို့ စိတ်ထဲမှာ မရှိဘူး။ စိတ်အား မထက်သန်ပဲနဲ့ မလုပ်ချင်တဲ့ အတွက်ကြောင့်ပါ” လို့ ဆိုပါတယ်။ 

Photo: Amazing Grace

ရုပ်ရှင်အစည်းအရုံး ဥက္ကဌ လုပ်ခဲ့တဲ့အချိန်မှာ အနုပညာလောကသားအချင်းချင်း မခေါ်မပြော ဖြစ်ခဲ့ရတာတွေလည်း ရှိတယ်လို့ လူမင်းက ဆိုပါတယ်။ 

“ တချို့ကျတော့ မဟုတ်မခံဘူး၊ ကောင်းမယ်မှန်းသိပေမယ့် မပြောနဲ့ လူမုန်းများတယ် နေပါစေ ဆိုတာတွေက များတယ်။ ဥက္ကဌလုပ်ရင် အမုန်းကတော့ ခံရမှာပဲ။ အစ်ကိုဆိုလည်း အတူတူနေရတာ အကောင်း ဥက္ကဌလုပ်တော့မှ မုန်းသွားတဲ့ ထုတ်လုပ်သူတွေရော၊ မိတ်ဆွေတွေရော ရှိသွားကြတာပါပဲ” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Amazing Grace

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က