ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကစားရမယ့် ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲက စပြီး မတ်လ ၆ ရက်နေ့မှာ ပီအက်စ်ဂျီနဲ့ ပြန်ကစားရမယ့် ချန်ပီယံလိဂ် ဒုကျော့အထိ ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။
နည်းပြ ဆိုးလ်ရှားလက်ထက် မန်ယူအသင်းရဲ့ အဓိက ကစားသမားအဖြစ် ကစားနေတဲ့ မာရှယ်နဲ့လင်ဂတ်တို့ ကတော့ ဒဏ်ရာကိုယ်စီကြောင့် အနည်းဆုံး ၃ ပတ်နှင့်အထက် အနားယူရတော့မယ်လို့ sky sport သတင်းဌာ နက ဖော်ပြလာပါတယ်။
ဒီသတင်းကိုတော့ အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကိုယ်တိုင်က ချဲလ်ဆီးနဲ့ ကစားရမယ့် အက်ဖ်အေဖလား ပဉ္စမ အဆင့် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာလို့ ဆိုပါတယ်။
“ လက်ရှိ မြင်နေရတဲ့ ပုံအရ သူတို့ နှစ်ဦးစလုံး အနည်းဆုံး ၃ ပတ်လောက်တော့ နားရပါမယ်။” လို့ ဆိုးလ်ရှားက ပြောခဲ့တာ ဖြစ်ပါတယ်။
အခုလို သူတို့ နှစ်ဦး ဒဏ်ရာရနေပေမယ့် အသင်းရဲ့ နောက်ထပ် ကစားသမားတွေ ဖြစ်တဲ့ ဆန်းချက်နဲ့ လူကာ ကူတို့ နှစ်ဦးအနေနဲ့ အလွယ်တကူ နေရာရလိမ့်မှာ မဟုတ်ပဲ အသင်းမှာ ရှိနေတဲ့ အခြားသော လူငယ် ကစားသမားတွေနဲ့ အပြိုင် နေရာရဖို့ ကြိုးစားဖို့လိုတယ်လို့လည်း ဆိုးလ်ရှားက ဖြည့်စွက်ပြောခဲ့တယ်လို့ သိရပါ တယ်။
သူတို့ နှစ်ယောက်ဒဏ်ရာရနေတာဟာ အခြားသော ကစားသမားတွေအတွက် အခွင့်အရေးပါပဲ၊ ကျွန်တော့် အနေနဲ့ အသင်းရဲ့ အသက် ၁၇ နှစ်အရွယ် မေဆန်ရဲ့အချိန်ကျရောက်လာပြီလို့ ထင်ပါတယ်၊ ဒါပေမယ့် ကံဆို ချင်တော့ သူကလည်း ဒဏ်ရာရနေပြီး နှစ်ပတ်လောက်တော့ နားရပါမယ်။” လို့ ဆိုးလ်ရှားက ပြောခဲ့ပါသေး တယ်။
လက်ရှိမှာတော့ မန်ယူအသင်းကြီးနဲ့အတူ ဂိုမက်စ်နဲ့ချောင်တို့ နှစ်ဦး ပူးတွဲ လေ့ကျင့်ခွင့်ရနေပြီး လာမယ့် တနင်္လာနေ့မှာ ကစားမယ့် ချဲလ်ဆီးနဲ့ပွဲအတွက် အခွင့်ရေးကောင်းကြီး ရှိနေတာ ဖြစ်ပါတယ်။
အခု လို လင်ဂတ်နဲ့မာရှယ် အနားယူရမယ့် ၃ ပတ်အတွင်း မန်ယူအသင်းအနေနဲ့ ပြိုင်ပွဲစုံ ၅ ပွဲ ကစားဖို့ရှိနေ ပါတယ်။
ပထမဆုံးပွဲကတော့ ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲဖြစ်ပြီးအဲ့နောက် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲ ဆက် ကစားရ ပါမယ်။
အဲ့နောက် ဖေဖော်ဝါရီ ၂၇ မှာ ပဲလေ့စ်၊မတ်လ ၂ ရက်နေ့မှာ ဆောာက်သမ်တန်တို့နဲ့ လိဂ် ပွဲကစားအပြီးမှာ ပီအက်စ်ဂျီရဲ့ အိမ်ကွင်းကို သွားပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ဆက်ကစားရပါမယ်။
အဆိုပါ ချန်ပီယံလိဂ်ပွဲမှာတော့ မာရှယ်နဲ့ လင်ဂတ်အပြင် ကွင်းလယ်လူပေါ့ဂ်ဘာလည်း ပါဝင်နိုင်မဟုတ်ပါဘူး။