၂၀၁၉ ခုနှစ်ရဲ့အကြီးမားဆုံး PUBG ပြိုင်ပွဲကြီးဖြစ်တဲ့ PUBG Global Championship ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ကပဲ ကျင်းပပြီးစီးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့အကြီးမားဆုံး PUBG ပြိုင်ပွဲကြီးဖြစ်တဲ့ PUBG Global Championship ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ကပဲ ကျင်းပပြီးစီးခဲ့ပါတယ်။


ဒီပြိုင်ပွဲမှာ PUBG Corporation က မတည်တဲ့ ဆုကြေးငွေဒေါ်လာ ၂ သန်းအပြင် Crowd Funding ကရရှိတဲ့ ဒေါ်လာ ၂သန်းကိုပါ ထည့်သွင်းခဲ့တာကြောင့် စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၄ သန်း ချီးမြှင့်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက PUBG Professional အသင်းပေါင်း ၃၂ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Final ပွဲကိုတော့ အမေရိကန်နိုင်ငံ Oakland မြို့မှာကျင်းပခဲ့ပါတယ်။



ဒီပြိုင်ပွဲဟာ PUBG Esports ရဲ့သက်တမ်းတစ်လျှောက်မှာ ဆုကြေးငွေအများဆုံးပြိုင်ပွဲဖြစ်ပြီး ချန်ပီယံဖြစ်တဲ့အသင်းဟာ ဆုကြေးငွေဒေါ်လာ ၂ သန်းတိတိကို ရရှိမှာဖြစ်တာကြောင့် ပါဝင်ယှဉ်ပြိုင်တဲ့အသင်းတိုင်းဟာ ရေကုန်ရေခမ်းယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာ Group Stage, Elimination Stage, Semifinals နဲ့ Grand Final ဆိုပြီး အဆင့်လေးဆင့်ခွဲခြားထားပါတယ်။


Group Stage


ဒီအဆင့်မှာပါဝင်ယှဉ်ပြိုင်တဲ့ ၃၂ သင်းကို အုပ်စု ၂ ခုခွဲကာ တစ်အုပ်စုကို ၆ ပွဲစီနှုန်းနဲ့ယှဉ်ပြိုင်စေခဲ့ပါတယ်။ PUBG ပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း အမှတ်နဲ့ဆုံးဖြတ်တာဖြစ်ပြီး အုပ်စုတစ်ခုရဲ့ထိပ်ဆုံး ၈ သင်းက Semifinals အဆင့်ကို တက်ရောက်ခွင့်ရမှာဖြစ်ကာ အောက် ၈ သင်းကတော့ Elimination Stage ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။


Elimination Stage


အုပ်စုအဆင့်မှာ အမှတ်အနည်းဆုံး ၁၆ သင်းကို ဒုတိယအကြိမ်အခွင့်အရေးပေးထားတဲ့အဆင့်ပါ။ ဒီအဆင့်မှာလည်း စုစုပေါင်း ၆ ပွဲကစားရပြီး အမှတ်အများဆုံး ၈ အသင်းက Semifinals ကိုတက်ရောက်ခွင့်ရရှိမှာဖြစ်ကာ အမှတ်အနည်းဆုံး  ၈ သင်းကတော့ ပြိုင်ပွဲကနေထွက်ခွာရမှာပဲဖြစ်ပါတယ်။


Semifinals


ဒီအဆင့်မှာတော့ Group Stage က ၁၆ သင်းနဲ့ Elimination Stage က ၈ သင်း၊ စုစုပေါင်း ၂၄ သင်းတို့ပါဝင်လာပါတယ်။ ပါဝင်လာတဲ့ ၂၄ သင်းကို ၈ သင်းစီ ၃ အုပ်စုပြန်ခွဲကာ အုပ်စုတစ်ခုနဲ့တစ်ခု ပတ်လည်ဆော့ကစားခဲ့ရပါတယ်။ ထိပ်ဆုံး ၁၆ သင်းက Grand Final အဆင့်ကို တက်ရောက်ခွင့်ရမှာဖြစ်ပြီး ကျန် ၈ သင်းကတော့ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်သွားရမှာပါ။


Grand Final


၁၆ သင်းပါဝင်ပြီး စုစုပေါင်း ၁၂ ပွဲကို ၂ ရက်ခွဲကာယှဉ်ပြိုင်ခဲ့ရပါတယ်။ နောက်ဆုံးအဆင့်ဗိုလ်လုပွဲဖြစ်တာကြောင့် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး အဆင့်လို့ဆိုရမှာပါ။

Grand Final ၁၂ ပွဲကစားလို့အပြီးမှာတော့ တောင်ကိုရီးယားအခြေစိုက်အသင်းဖြစ်တဲ့ Gen. G က အမှတ်ပေါင်း ၁၁၁ မှတ်နဲ့ ဒုတိယနေရာက FaZe Clan ကို ၁၀ မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ Gen. G ဟာ ၁၂ ပွဲမှာ Chicken Dinner ၂ ပွဲသာ ရရှိခဲ့ပေမယ့် သူတို့ရဲ့ Kill Point ရော Placement Point က တော်တော်လေးကောင်းခဲ့တာကြောင့် အခုလို ချန်ပီယံဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယနေရာက FaZe Clan ကလည်း Chicken Dinner 2 ပွဲရရှိထားပြီး အမှတ်ပေါင်း ၁၀၁ မှတ်နဲ့ ဒုတိယဆုအဖြစ် ဆုကြေးငွေဒေါ်လာ ၆ သိန်းကို ရရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ တရုတ်အသင်း 4 Angry Men က အမှတ်ပေါင်း ၉၉ မှတ်နဲ့ တတိယဆု ဒေါ်လာ ၃ သိန်းကိုရရှိသွားခဲ့ပါတယ်။


PUBG Corporation ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဒေါ်လာ ၂ သန်းချီးမြှင့်တဲ့ PUBG Global Invitational ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ပေမယ့် FPP, TPP ဆိုပြီးခွဲခြားခဲ့တာကြောင့် Esports ပြိုင်ပွဲဆိုတဲ့အရသာကို တင်းပြည့်ကျပ်ပြည့်မရရှိခဲ့ဘဲ ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဒီနှစ်မှာကျင်းပတဲ့ PUBG Global Championship ဟာတော့ အရင်နှစ်ကနဲ့မတူဘဲ ဆုကြေးငွေအရလည်း ပိုများလာသလို အတည်ပေါက်ဆန်တဲ့ Esports ပြိုင်ပွဲတစ်ခုဖြစ်လာတာကြောင့် PUBG ပရော်ဖက်ရှင်နယ်ကစားသမားတွေအတွက် အဖိုးထိုက်တန်တဲ့အမြတ်အစွန်းတစ်ခုဖြစ်ခဲ့ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က