အမျိုးသားကတော့ ထင်မထားဘူးလို့ဆိုပါတယ်

     ယူအေအီးနိုင်ငံက အမျိုးသမီးငယ်တစ်ဦးဟာ PUBG ကစားတာကို တားမြစ်တဲ့ ယောကျာၤးဖြစ်သူနဲ့ကွာရှင်းဖို့ပြင်နေပါတယ်။



Photo: Qrius

         အသက် ၂၀ ဝန်းကျင် ဒီအမျိုးသမီးရဲ့ နာမည်ကို ဖော်ပြမထားပေမယ့် အက်ဂျမန်ရဲတပ်ဖွဲ့ရဲ့ လူမှုရေးဌာနကို လာပြီး ကွာရှင်းခွင့် တောင်းခဲ့တယ်လို့Gulf News မှာ ဖော်ပြထားပါတယ်။ အက်ဂျမန်ရဲတပ်ဖွဲ့ရဲ့ လူမှုရေးစင်တာ ညွှန်ကြားရေးမှူး ဗိုလ်ကြီး ဝါဖာခါလီ အယ်လ်ဟွန်ဆနီကတော့ အမျိုးသမီးဘက်က ကွာရှင်းခွင့် တောင်းတာဟာ ယောကျာၤးဖြစ်သူမှ PUBG ကစားတာကို ပိတ်ပင်တာကြောင့်လို့ဆိုပါတယ်။

         "အမျိုးသမီးပြောတာကတော့ ဂိမ်းကို အပျော်ကစားနေတာကို ယောကျာၤးက ချုပ်ချယ်တာကြောင့်လို့ဆိုပါတယ်။ PUBG ကစားတာလည်း သူမရဲ့ သူငယ်ချင်းတွေ ၊ အမျိုးတွေနဲ့ပဲ ကစားပြီး သူစိမ်းတွေနဲ့Chatting ထိုင်တာ မလုပ်ခဲ့ဘူး " လို့ဗိုလ်ကြီး အယ်လ်ဟွန်ဆနီက ပြောပါတယ်။

         ယောကျာၤးဖြစ်သူဟာ သူ့အမျိုးသမီး ဂိမ်းစွဲတာကြောင့် အိမ်မှု ကိစ္စတွေ မလုပ်မှာ ၊ အိမ်ထောင့်တာဝန် မကျေမှာကို စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။ သူ့အနေနဲ့အမျိုးသမီးရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်နေတာ မဟုတ်ဘူးလို့လည်း ခုခံပြောဆိုထားပြီး အခုလို ကွာရှင်းပြတ်စဲဖို့စကားကြားတော့ အံ့အားသင့်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ အမျိုးသားဖြစ်သူဟာ မိသားစု စည်းစည်းလုံးလုံး ဖြစ်စေချင်တာကြောင့် PUBG ကစားတာကို ဆန့်ကျင်တာလို့လည်း ဆိုပါတယ်။

Photo: The Kathmandu Post - eKantipur

         မကြာသေးမီကလည်း ဒီစင်တာကို PUBG ဂိမ်းစွဲနေတဲ့ ကလေးတစ်ယောက်ကို ပြုပြင်ပေးဖို့မိခင်ဖြစ်သူမှ လာရောက် တိုင်ကြားခဲ့ပါတယ်။ ဒီကလေးဟာ ဂိမ်းစွဲမှုကြောင့် ကျောင်းမှန်မှန် မတက်တော့သလို အစားလည်း ကောင်းကောင်း မစားတော့ဘူးလို့မိခင် ဖြစ်သူမှ ပြောခဲ့ပါတယ်။ ဒီကလေးကိုတော့ ဆေးရုံပို့ပြီး ဂိမ်းစွဲလမ်းမှု ပျောက်ကင်းဖို့ကုသခဲ့ရပါတယ်။

         PUBG ဂိမ်းဟာ ၂၀၁၇ နောက်ပိုင်းက ထွက်ထားတဲ့ ဂိမ်းဖြစ်ပြီး လက်ရှိမှာ ဒီဂိမ်းကို ကစားဖို့ဒေါင်းလုပ်ဆွဲတဲ့ အကြိမ်ရေပေါင်း သန်း ၃၅၀ ကျော် ရှိလာပြီလို့ဆိုပါတယ်။ PUBG ဟာ အရှေ့အလယ်ပိုင်းမှာ အကြီးအကျယ် လူကြိုက်များနေတဲ့ ဂိမ်းဖြစ်ပေမယ့် အကြမ်းဖက်မှုနဲ့ကလေးငယ်များ ပညာရေး ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဒီဂိမ်းကို အိန္ဒိယ ၊ နီပေါ ၊ အီရတ်တို့မှာ ပိတ်ပင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က