ပြည်သူ့အကယ်ဒမီကို ထိုက်ထိုက်တန်တန်ရခဲ့တာပါ။

ပရိသတ်တွေ စုပေါင်းပေးအပ်လိုက်တဲ့ ပြည်သူ့အကယ်ဒမီဆုပေးပွဲကို မေလ(၁၂) ရက်နေ့က ရန်ကုန်မြို့ရှိ Seedspace Yangon မှာ ပြုလုပ်ခဲ့တာပါ။

ခီဇနီးမောင်နှံနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံဟာ ပြည်သူတွေ ချီးမြှင့်တဲ့ ပြည်သူ့ အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါပြီ။ဆုရရှိခဲ့တဲ့ ဇဏ်ခီတို့ ဇနီးမောင်နှံနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံကတော့ အရမ်းကို ပျော်ရွှင်ခဲ့ရပြီး ကြည်နူးခဲ့ရတယ်လို့ ဆိုပါတယ်။



“လုံးဝဖော်ပြမတတ်အောင် ဝမ်းသာရပါတယ်။ သူတို့ စီစဉ်နေတာကတည်း တော်တော်ကြာပြီလေ။ ဒီလို ဆုပေးပွဲက ၁၉၆၀ လောက်က တစ်ခေါက်ဖြစ်ခဲ့ဖူးတယ် ဒါက ဒုတိယအကြိမ်ဖြစ်တာဆိုတော့ ပိုပြီး ဂုဏ်ယူရတာပေ့ါ။ ကျွန်တော်တို့ ရှေ့လျှောက်သွားမယ့် လမ်းအတွက် အားအရမ်းဖြစ်စေတယ်”လို့ သရုပ်ဆောင် ဇဏ်ခီက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

မီ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေပေးတဲ့ ပြည်သူ့အကယ်ဒမီကို ရရှိခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ကလည်း ဒီဆုနဲ့ ပတ်သက်လို့ ယခုလို ပြောပြခဲ့ပါသေးတယ်။

“ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီလိုပွဲဖြစ်အောင် စီစဉ်ပေးတဲ့ အကိုကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နယ်ကနေလည်း ဒီလိုဆုပေးဖို့အတွက် ကြိုးစားပေးကြတယ်လို့ ကြားတယ်။ ပွဲကိုလည်း ရောက်အောင်လာကြတယ်။ တအားဝမ်းသာမိတယ်” လို့ ဆိုပါတယ်။

ခီနဲ့မီအတွက် ပြည်သူ့အကယ်ဒမီ ဆုပေးပွဲမှာ ဆုကြေးငွေအဖြစ် (၃၂) သိန် း(၇) သောင်းနဲ့ အကယ်ဒမီ ဆုတံဆိပ်တစ်ခုစီကို ပေးအပ်ခဲ့ပါတယ်။ ပြည်သူ့အကယ်ဒမီပေးပွဲကို ပရိသတ်တစ်ဦးဖြစ်သူ ကိုစိုးသီဟနောင် (IT နည်းပညာရှင်) က ဦးဆောင်စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေ စုပေါင်းပေးအပ်တဲ့ ပြည်သူ့အကယ်ဒမီ ဆုပေးပွဲအခမ်းအနားကို မေလ(၁၂) ရက်နေ့က ရန်ကုန်မြို့ Seedspace Yangon မှာ ပြုလုပ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က