ပုဂံမှာမီးလောင်

ညောင်ဦးမြို့နယ် မင်းနန်သူရပ်မှာရှိတဲ့ လေးမျက်နှာ ဘုန်းကြီးကျောင်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။




ဖဖော်ဝါရီ ၁၇ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေ့လည် ၁ နာရီဝန်းကျင်မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မင်းနန်သူကျေးရွာရွာဦးဘုန်းတော်ကြီးကျောင်းရှိဥပုသ်သည်နားနေဆောင်အတွင်းရှိသွယ်တန်းထားတဲ့နှစ်ပင်လိမ်ကြိုးကို ထန်းရွက်အမိုးအောက်မကနေသံနဲ့ ရစ်ပါတ်ရိုက်ထားပြီးအဲ့ဒီမီးကြိုးက ဝါယာရှော့ဖြစ်တဲ့အခါအနားက အမိုးထန်းရွက်ကိုမီးကူးစက်စတင်လောင်ကျွမ်းရာကနေဖြစ်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက Duwun ကို ပြောပါတယ်။

မီးလောင်မှုကြောင့် အဆောက် အဦး ၃ ခုမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးက ကျပ် ၂၅၀၅၀၀၀ ခန့်ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ကသိရပါတယ်။ အဆိုပါမီးလောင်မှုကို

ပုဂံနယ်မြေရဲစခန်းမှ ( ပ-၉/၂၈၅ ) ဖြင့်မင်းနန်းသူကျေးရွာနေကပ္ပိယ-ဦးသန်းဆွေ( ဘ )ဦးကျော်လှိုင်အသက်( ၅၂ )နှစ်ကို အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က