စေတီ ပုထိုးပေါင်း နှစ်သောင်းကျော်ကိုသွားရောက်လည်ပတ်သင့်တာဖြစ်တယ်လို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ သွားလာလည်ပတ်ဖို့ အကောင်းဆုံး စာရင်းတွေကို Insider မဂ္ဂဇင်းက ဖော်ပြရာမှာ ပုဂံက အဆင့် ၈ နေရာမှာပါဝင်ခဲ့တယ်လို့ INSIDER မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

photo -tripsavvy



၂၀၁၉ ခုနှစ်မှာ သွားလာလည်ပတ်ဖို့ အကောင်းဆုံးနေရာ ၃၀ စာရင်းကို ဖော်ပြခဲ့ရာမှာ ပုဂံက အဆင့်ရှစ်နေရာဝင်ခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ အခုက နိုင်ငံတကာမှာဆိုရင် အမြင်တွေက မကောင်းတဲ့ဘက်မှာပြောနေချိန်မှာ ဒီလို အကောင်းမြင်တဲ့သတင်းတွေကြားရတာတော့ကောင်းပါတယ်။ အခုက မဟုတ်တဲ့သတင်းတွေက ပိုများပြီးတော့ ကောင်းတဲ့သတင်းတွေဆို ထုတ်ဖော်မပြောကြတော့ ဒါကို ပိုသိအောင်လုပ်ဖို့ လိုတယ်။အခုလိုမျိုး ယုံံကြည်ရတဲ့ မီဒီယာက ထုတ်ဖော်ပြောတာဆိုတော့ဒါက ကောင်းတဲ့ရလာဒ်ပါ ” လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဥက္ကဌ ဦးသက်လွင်တိုးက Duwun ကိုပြောပါတယ်။

ပုဂံက UNESCO စာရင်းဝင်ဖို့အတွက် ၂၀၁၉ မှာ အဆုံးအဖြတ်ပေးမှာဖြစ်ပြီးတော့ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်မယ်ဆိုရင် ဒီထက်ပိုကောင်းတဲ့ အမြင်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပိုများလာမှာဖြစ်တယ်လို့ သူကပြောပါတယ်။

ပုဂံဒေသမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်ဘုရားတွေကြောင့် ကမ္ဘာလှည့်ခရီးသည်အများစုသွားရောက်ကြတာဖြစ်ပြီးတော့ စေတီ ပုထိုးပေါင်း နှစ်သောင်းကျော်ကိုသွားရောက်လည်ပတ်သင့်တာဖြစ်တယ်လို့ တိုက်တွန်းထားတာဖြစ်ပါတယ်။

ပုဂံဒေသကို ဝင်ရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေက ၂၀၁၇ မှာ သုံးသိန်းအထိဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၈ မှာတော့ ၂ သိန်းခွဲကျော်သာ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဦးသက်လွင်တိုးက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က