ဒီနေ့က သူမရဲ့ မွေးနေ့ဖြစ်ပါတယ်။

စိုးမြတ်နန္ဒာက ဒီနေ့မှာ ကျရောက်တဲ့ သူမရဲ့ အသက် ၃၉ နှစ်ပြည့် မွေးနေ့ကိုတော့ ပုဂံမှာပဲ ဘုရားတွေ ဖူးရင်း. အလှူအတန်းတွေ လုပ်ရင်း ချစ်ရတဲ့သူတွေနဲ့ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်. တစ်နှစ်နဲ့ တစ်နှစ် မွေးနေ့ရက်တွေအပေါ် စိတ်ခံစားချက်တွေ ပြောင်းလဲလာတဲ့အကြောင်းကို ပြောပြခဲ့ပါသေးတယ်.

Photo: စိုးမြတ်နန္ဒာ

သရုပ်ဆောင် စိုးမြတ်နန္ဒာက ဒီနေ့(ဒီဇင်ဘာလ ၁၅) ရက်နေ့မှာပဲ အသက် ၃၉ နှစ်ပြည့်ခဲ့ပါပြီ. သူမဟာ ငယ်ငယ်က လုပ်ခဲ့တဲ့ မွေးနေ့ ပွဲတွေတိုင်းမှာ ပျော်ရွှင်ခဲ့ရပေမယ့် အသက်အရွယ်ရလာတဲ့ အချိန်မှာတော့ ခံစားချက်တွေ ပြောင်းလဲ လာတဲ့ အကြောင်းကို အခုလို ပြောပြလာပါတယ်.

''ငယ်ငယ်က မွေးနေ့တွေ အများကြီးလုပ်ခဲ့တယ်' ၁၈ နှစ်ကနေ ၂၅ နှစ်ထိ သိပ်ပျော်စရာကောင်းတဲ့ မွေးနေ့တွေ ပိုင်ဆိုင်ခဲ့ဘူးတယ် 'ကမ်းခြေမှာရုပ်ရှင်ရိုက်နေရလို့ မွေးနေ့မလုပ်ဖြစ်တော့ဘူးဆိုပြီး စိတ်ညစ်နေချိန်မှာတောင် မွေးနေ့လုပ်ပေးတဲ့သူ ရှိခဲ့ဘူးတယ်. ချစ်ခင်လေးစားရတဲ့ အကို ကိုရန်လေး နဲ့လဲ မွေးနေ့ အတူလုပ်ဖူးတယ် ငယ်တဲ့သူပီပီ သိပ်ပျော်ခဲ့တယ်'အခုတော့ ၃၉ နှစ်ပျော်ခဲ့ဖူးခဲ့တော့ ကိုယ့်နောက်ပါမယ့် အလှူပွဲလေးတွေပဲ လုပ်ဖြစ်တော့မယ်. ဒီနှစ်မွေးနေ့ ပုဂံ မှာ ဘုရားတွေဖူးရင်း ချစ်တဲ့သူတွေနဲ့အတူရှိနေပါမယ် ''ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၈ နာရီခွဲ ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်.

Photo: စိုးမြတ်နန္ဒာ

သရုပ်ဆောင် စိုးမြတ်နန္ဒာက ဒီဇင်ဘာလ ၁၅ ရက်နေ့ မှာ ကျရောက်မယ့် မွေးနေ့မှာတော့ အလှူအတန်းတွေနဲ့ ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။ ဒီအလှူကလည်း သူ့ရင်ထဲမှာ အရမ်းတောင့်တနေမိတဲ့ အလှူလေးဖြစ်တာကြောင့် စိတ်ချမ်းသာနေမိတယ်ဆိုတဲ့အကြောင်း ပြောပြထားပါတယ်။

'' ၂၀၁၆ ထဲက မွေးနေ့အလှူ နေ့ဆွမ်းလောင်းချင်လို့ တောင်းထားခဲ့တဲ့ ရက်လေး နီးလာပါပြီ။ ကိုယ်ချစ်တဲ့ မန္တလေးမြို့မှာ ပထမဆုံး မွေးနေ့ အလှူလေး လုပ်ဖြစ်မှာရယ်၊ သာသနာအတွက် ကြိုးစားနေတဲ့ သံဃာတော် တွေကို ဆွမ်းလောင်းလှူရမှာရယ် ကြောင့် ရက်လေး နီးလာလေ စိတ်ချမ်းသာ ရလေပါပဲ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ ၄၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: စိုးမြတ်နန္ဒာ

စိုးမြတ်နန္ဒာက လက်ရှိမှာတော့ အနုပညာအလုပ်တွေ ရပ်နားထားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့ မင်းသမီးချော တစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာလည်း ''မင်းသမီး ပိုးထည်တိုက်'' ဆိုတဲ့ ဆိုင်ကိုတော့ အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ ညီမလေးတွေဖြစ်ကြတဲ့ စန္ဒီမြင့်လွင်၊ စိုးပြည့်သဇင်တို့နဲ့ အတူ ပူးပေါင်းဖွင့်လှစ်ထားပြီး ကိုယ်တိုင်လည်း ဆိုင်ထိုင်နေတယ်လို့ သိရပါတယ်။

Photo: စိုးမြတ်နန္ဒာ

စိုးမြတ်နန္ဒာဟာ သားဖြစ်သူမြတ်သောမောင်ရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေပါတယ်။ မြတ်သောမောင်က အခုလက်ရှိမှာ အသက် ၁၀ နှစ်ကျော်ပြီ ဖြစ်ပါတယ်။ IT နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတာကြောင့် ကြီးလာရင် Game တွေထုတ်ဖို့၊ Software တွေရေးဖို့ကိုပဲ အားသန်တဲ့ ကလေးလေး ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က