မြန်မာနဲ့ ကမ္ဘောဒီယားအစိုးရတာဝန်ရှိသူတွေဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံမှ ပုဂံနဲ့ ကမ္ဘောဒီယားနိုင်ငံမှ အန်ကောဝပ် ကျောင်းတော်ကြီးအကြား ခရီးသွားလုပ်ငန်း တိုးမြှင့်နိုင်စေဖို့အတွက် မြန်မာနဲ့ ကမ္ဘောဒီယား အစိုးရတာဝန်ရှိသူတွေ ဒုတိယအကြိမ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နေရာတွေဖြစ်တဲ့ ပုဂံနဲ့ အန်ကောဝပ်ကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲဖို့အပါအဝင် နှစ်နိုင်ငံအကြား ခရီးသွားတိုးတက်လာရေးအတွက် မြန်မာဖက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီး ဦးကျော်တင်နဲ့ ကမ္ဘောဒီယား ဒုတိယဝန်ကြီးချုပ်တို့ ဆွေးနွေးခဲ့တယ်လို့ Khmer Times သတင်းဌာနက ဖော်ပြပါတယ်။

နှစ်နိုင်ငံကြား ခရီးသွားလာရေးတိုးတက်လာဖို့နဲ့ ပြည်သူတွေကြားမှာလည်း ပိုမိုရင်းနှီးမှု ရရှိစေဖို့ဖြစ်တယ်လို့ ကမ္ဘောဒီယားအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်မှုများတဲ့ ပုဂံလို ဒေသမျိုးမှာ နှစ်စဉ် ခရီးသွားဦးရေ သိန်းဂဏန်းသာရှိနေစဉ် ဒေသတွင်း ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောဝပ်ဘုရားကျောင်းရှိရာ Siem Reap ဒေသကို လာရောက်တဲ့ ခရီးသွားဧည့်သည်ကတော့ နှစ်စဉ် နှစ်သန်းခန့် ရှိနေပါတယ်။

အန်ကောဝပ်နဲ့ ပုဂံ၊ ကမ္ဘောဒီယားနဲ့ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ခရီးသွား Attraction နေရာ ၂ ခု ကို ချိတ်ဆက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်လာမယ်လို့လည်း Khmer Times က ဆိုပါတယ်။ လတ်ရှိမှာတော့ အန်ကော - ပုဂံ သို့မဟုတ် ရှေးဟောင်းမြို့ပြနှစ်ခု စတဲ့ အမည်နဲ့ ကမ်ပိန်းတွေ စတင်လုပ်ဆောင်ဖို့ကို နှစ်နိုင်ငံစလုံးက သဘောတူညီထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က