''မိုးကောင်းကင် အိပ်မက်'' ဇာတ်လမ်းတွဲက ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။

ပိုးကြာဖြူခင် ပါဝင်သရုပ်ဆောင်ထားတဲ့ ''မိုးကောင်းကင် အိပ်မက်'ရုပ်ရှင်ဇာတ်ကားကြီးဟာ Star Awards ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။ သူမကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ရင်ခုန်လို့နေပါပြီ။

Photo: Poe Kyar Phyu Khin



သရုပ်ဆောင် ပိုးကြာဖြူခင် ကတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆု အတွက် ရင်ခုန်သံတွေ မြန်လို့နေပါပြီ။ ဇာတ်လမ်းတွဲ မင်းသမီးဖြစ်တာကြောင့် Star Award ဆုပေးတဲ့အပေါ် ဝမ်းသာမိတယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

‘’အရင်တုန်းကဆိုရင် ညီမက ဗီဒီယိုတွေ၊ ရုပ်ရှင်တွေဘက်ကို သိပ်ပြီး မလှည့်နိုင်သေးတဲ့ အခါကျတော့ အကယ်ဒမီဆိုတာ မျှော်မှန်းဖို့ အရမ်းဝေးတယ်။ အခုကျတော့ Star Award ကနေပြီးတော့ ဇာတ်လမ်းတွဲရိုက်တဲ့ ညီမတို့အတွက်ကိုပါ ဆုသီးသန့် စီစဉ်ပေးလိုက်တဲ့အတွက် အရမ်းဝမ်းသာပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်ဟာ Star Awards ဆု စာရင်းဝင် ဇာတ်ကားထဲမှာ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’မိုးကောင်းကင်အိပ်မက်’’ ရုပ်သံဇာတ်လမ်းတွဲဟာလည်း တစ်ကားအပါအဝင်ဖြစ်ပါတယ်။ ဒီလို ဆုအတွက်စာရင်းဝင်ဇာတ်ကားဖြစ်လာဖို့ကိုလည်း စိတ်မကူးရဲခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ဇာတ်လမ်းတွဲကိုကျတော့ အခု မြန်မာနိုင်ငံမှာပြနေတဲ့ ဇာတ်လမ်းတွဲတွေအကုန်ကို စိစစ်လိုက်တယ်။ Voting အဆင့်ဆင့်ထိုင်ပြီး ရွေးခဲ့ကြတာဆိုတော့ အရမ်းရင်ခုန်တယ်။ အဲဒီလို ဖြစ်စေချင်နေတာလည်း ကြာပြီ။ ဘယ်တော့ဖြစ်မှာလဲ ဆိုတာကိုတော့ စိတ်တောင် မကူးဖူးဘူးပေါ့နော်။ Star Award ကနေပြီးတော့ ဇာတ်လမ်းတွဲအတွက်ကိုပါ ပေးမယ်ဆိုတော့ ညီမ အရမ်းပျော်ခဲ့ရပါတယ်’’ လို့ ဆိုပါတယ်။

Photo: Poe Kyar Phyu Khin

Star Awards ဆုအတွက် ပိုးကြာဖြူခင်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ရင်ခုန်လို့နေပါတယ်။ ဒါပေမယ့် သူမကတော့ ပရိသတ်အားပေးဖို့သာ အဓိကကျပါတယ်လို့ ဆိုပါတယ်။

‘’ အဲဒါတော့ ညီမ မမျှော်လင့်ဘူး။ ပရိသတ်တွေက ညီမကို ကြိုက်တယ်၊ ညီမကိုယ်တိုင်ကလည်း အရမ်းကြိုးစားတယ်။ ညီမ ကြိုးစားမှုနဲ့ ပရိသတ်အကြိုက် ထပ်တူကျမယ်ဆိုရင် ညီမ ကျေနပ်ပြီ။ အကယ်ဒမီဆိုတာကတော့ ဒိုင်လူကြီးတွေရဲ့ Voting အပေါ်မှာ ဘယ်လိုလာမလဲတော့ မသိဘူးပေါ့နော်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်ကိုတော့ ဝက္င်္ကပါစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိ ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က