ပြည်သူတွေက ငွေကြေးပေါ်ယုံကြည်မှုလျော့နည်းလာနိုင်တယ်လို့ဆိုပါတယ်။

ပိုက်ဆံအတုတွေကို အတုမှန်းမသိဘဲ ကိုင်ဆောင်မိတဲ့ ပြည်သူတွေ နစ်နာမှုမရှိဖို့အတွက် အစိုးရ အနေနဲ့ြ့ပည်သူတွေကို ပညာပေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထားပါတယ်။



Photo - Yangon Police

"အချက် ၃ ချက်တိုက်တွန်းထားပါတယ်။ ပြည်သူတွေအနေနဲ့ ငွေအတုနဲ့ အစစ်ကို ခွဲခြားတတ်အောင် ပညာပေးဖို့၊ နောက်ပြီး ငွေတုလက်ထဲရောက်လာရင် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာပညာပေးဖို့နဲ့ ငွေတုကို ကိုင်မိရုံနဲ့ ပြဿနာမရှိပါဘူးဆိုတာကိုပညာပေးဖို့တိုက်တွန်းထားပါတယ်။"လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က Duwun ကို ပြောပါတယ်။

အစိုးရအနေနဲ့ ငွေတုကိစ္စကို ပညာမပေးဘူးဆိုရင် ဒီငွေကြေးပေါ်မှာ ပြည်သူတွေရဲ့ယုံကြည်မှုကျဆင်းလာနိုင်တာက ပြဿနာ တစ်ရပ်ဖြစ်လာလိမ့်မယ်လို့လည်း သူက သုံးသပ်ပါတယ်။

ပညာပေးလုပ်ငန်းတွေလုပ်ရာမှာ ရေဒီယို၊ တီဗွီလိုနေရာတွေကနေ အသိပေးတာတွေအပြင် ဘဏ်တွေမှာ လက်ကမ်းစာဆောင်တွေဝေတာ အုပ်ချုပ်ရေးမှူးရုံးတွေက တဆင့် အသိပညာပေးတာတွေလည်း လုပ်သင့်တယ်လို့ ဆိုပါတယ်။

မကြာသေးခင်ကာလက ငွေကြေးတွေထဲမှာ တစ်သောင်းတန်အတုတွေရောနှောပါဝင်နေတာကြောင့် ပြည်သူတွေမသိဘဲ သုံးရာကနေ ဖမ်းဆီးခံခဲ့ရတာတွေရှိခဲ့တာကြောင့် တစ်သောင်းတန်တွေကို ယုံကြည်မှုတွေကျဆင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က