ရန်ပုံငွေပွဲတစ်ခုမှာ ဓားထိုးခံခဲ့ရပါတယ်

ပိုလန်နိုင်ငံမှာ မြို့တော်ဝန်တစ်ဦး ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ Gdansk မြို့ရဲ့ မြို့တော်ဝန် Pawel Adamowicz ဟာ ရန်ပုံငွေပွဲတစ်ခုမှာ ဓားထိုးခံခဲ့ရပြီး နောက်တစ်ရက်အကြာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

(ဓားထိုးမခံရမီ စင်မြင့်ပေါ်ကနေ ပရိသတ်ကို စကားပြောနေသည့် မြို့တော်ဝန်) (Photo: EuroNews)

မြို့တော်ဝန်ဟာ တနင်္ဂနွေနေ့ (ဇန်ဝါရီ ၁၃ ရက်) နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ပုံငွေပွဲအတွင်း ရာနဲ့ချီတဲ့ လူအများအပြားရှေ့မှာပင် ဓားထိုးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဓားထိုးခံခဲ့ရတဲ့ မြို့တော်ဝန်ကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ငါးနာရီကြာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မြို့တော်ဝန်ကို ဓားဖြင့်ထိုးမှုဖြင့် ရာဇဝတ်မှုမှတ်တမ်းဟောင်းရှိတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(မြို့တော်ဝန်ကို ဓားဖြင့်ထိုးခဲ့သူအား ဖမ်းဆီးစဉ်) (Photo: CNN)

အဆိုပါ အမျိုးသားက ရန်ပုံငွေပွဲကျင်းပနေစဉ်အတွင်း မြို့တော်ဝန် Pawel Adamowicz ရဲ့အနီးကို ချဉ်းကပ်နိုင်ရန် မီဒီယာဖြတ်သန်းခွင့် ကတ်ပြားကိုအသုံးပြုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ ပိုလန် ကျန်းမာရေးဝန်ကြီးက မြို့တော်ဝန် Pawel Adamowicz သေဆုံးသွားပြီလို့ ဇန်နဝါရီ ၁၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။


"သူ့အသက်ကို ကျွန်တော်တို့ မကယ်နိုင်ခဲ့ပါဘူး" လို့ ကျန်းမာရေးဝန်ကြီး Lukasz Szumowski က ဒေသခံ မီဒီယာကို ပြောပါတယ်။ ဓားထိုးခံရတဲ့ မြို့တော်ဝန်အတွက် ဆုတောင်းပွဲတွေကို Gdansk အပါအဝင် ပိုလန်မြို့ကြီးတွေမှာ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ကြရာ လူပေါင်းထောင်နဲ့ချီ ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။

(အခင်းဖြစ်ပွားခဲ့သည့်နေရာ) (Photo: CNN)

Gdansk မြို့တော်ဝန် Pawel Adamowicz ဟာ ဆေးရုံသုံးပစ္စည်းများအတွက် ရန်ပုံငွေရှာဖွေမြှင့်တင်ရန် ရည်ရွယ်ပြီး နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Great Orchestra of Christmas ပွဲကို တက်ရောက်နေစဉ် ဓားထိုးခံခဲ့ရတာ ဖြစ်ပါတယ်။ မြို့တော်ဝန်က ဓားထိုးမခံရမီ အဆိုပါပွဲကိုု တက်ရောက်နေတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း Instagram မှာ လွှင့်တင်ခဲ့သေးတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က