ဇာတ်ကားနာမည်ကတော့ ''ပိတောက်ဂီတ'' ဖြစ်ပါတယ်။

‘’ပိတောက်ဂီတ’’ ဆိုတဲ့ရုပ်ရှင်ကားကို စိုင်းစိုင်းခမ်းလှိုင်က မကြာခင် ရိုက်ကူးတော့မယ်လို့ပြောပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးချောလေး ပိုးမမှီသာလည်း ပါဝင်မှာဖြစ်ပါတယ်။

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်က ပိုးမမှီသာနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားနာမည်ကိုတော့ ‘’ပိတောက်ဂီတ’’လို့ နာမည်ပေးထားကြောင်း စိုင်းစိုင်းက ပြောပါတယ်။

"ပိတောက်ကတဲ့ဂီတ "ရုပ်ရှင်အတွက် စိတ်ကူးနဲ့ ကြိုတင်ရိုက်ကူးနေကြပါပြီ။ နောက်တစ်ပတ် အမှန်တကယ် ရိုက်ကူးပါတော့မယ်။ ပိတောက်ကတဲ့ဂီတ ဂီတနောက်ခံရုပ်ရှင်မန္တလေးရုပ်ရှင်သင်္ကြန်ရုပ်ရှင်’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၂ နာရီခွဲကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ ပိုးမမှီသာကတော့ စိုင်းစိုင်းတင်ပေးလိုက်တဲ့ မင်းသမီးချောလေးဆိုရင်လည်း မမှားပါဘူး။ သူမကိုတော့ Sai Sai ရဲ့ အလှကုန်ပစ္စည်းကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။

Photo: Poe Ma Mhee Thar

အဲဒီနောက် စိုင်းစိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အမှတ်တရ ဓာတ်ပုံလေး တစ်ပုံတင်ခဲ့ပါတယ်။ စိုင်းစိုင်းနဲ့ အတူ ဒါရိုက်တာ မီးပွား၊ ပိုးမမှီသာနဲ့ နောက်ထပ် မိတ်ဆွေတချို့လည်း ပါဝင်နေကြတာကို တွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ပိုးမမှီသာနဲ့ စိုင်းစိုင်းတို့ အတူတွဲပြီး ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးရိုက်ကူးတော့မယ့် စိုင်းစိုင်းကို ပရိသတ်တွေကလည်း Comment ကနေတဆင့် အားပေးစကားပြောထားကြပါတယ်။

Photo: Thein Than Oo

စိုင်းစိုင်း(Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Photo: Poe Ma Mhee Thar

စိုင်းစိုင်းက ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က