ပြီးပြည့်စုံတဲ့ အချိုးအစားတော့ မဟုတ်ပါဘူးတဲ့။

အေသင်ချိုဆွေက သူမရဲ့ ခန္ဓာကိုယ်လေးကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ပြုစကားပြောဆိုလာပါတယ်. သူမကိုတော့ အရင်တုန်းက ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်တာမျိုးတွေ ရှိခဲ့ဖူးပါတယ်.

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေ တစ်ယောက် လက်ရှိ သူမပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အတွက် သူမကို သူမ ချီးကျူးစကားပြောဆိုထားပါတယ်. အေသင်ချိုဆွေကိုတော့ တစ်ချိန်က အရမ်းဝတယ်လို့ ပြောဆိုဝေဖန်ခဲ့တဲ့ ပရိသတ်တွေရှိခဲ့တယ်လို့ဆိုပါတယ်. ဒါပေမယ့် လက်ရှိအချိန်မှာတော့ အေသင်က အားကစားလည်း ပုံမှန်လုပ်တာဖြစ်တဲ့အတွက် လှပလို့နေပါပြီ.

''စင်းလုံးချောပြည့်စုံလှပနေတဲ့ ခန္ဒာကိုယ်မျိုးကို မပိုင်ဆိုင်ထားရတဲ့အတွက်ဂုဏ်ယူပါတယ်။ YES, I AM FATTY MA.'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီ နီးပါးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့တာဖြစ်ပါတယ်. အဲ့ဒီနောက် သူ့ရဲ့ အလှဓာတ်ပုံတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်.

Photo: အေသင်ချိုဆွေ

အဆိုတော် အေသင်ချိုဆွေကို ပရိသတ်က ဝ တယ်၊ အရမ်းဝတယ် ဆိုပြီးတော့ ဝေဖန် ပြောဆိုလာတဲ့အပေါ် ပြန်လည် တုံ့ပြန် စကား ဆိုခဲ့တယ်လို့ သူကပြောပါတယ်။ သူမဟာ အဆိုတော် တစ်ယောက်ဖြစ်တဲ့အတွက် ၂၄ နာရီလုံး လှပနေစရာမလိုတဲ့အကြောင်း ကိုလည်း ဆက်လက်ပြောပြလာပါတယ်။

''အယ် ဝလိုက်တာ" Me ဟုတ်တယ် အမရယ် ဟီးဟီး နောက်တခါ "အမရယ် အရမ်းဝတာဘဲ " ထပ်ပြောတယ်။ Me: ဟယ် အမလဲ ပိန်ညောင် နေတာဘဲနော်လို့ ပြန်ပြောလိုက်တော့ မကျေနပ်လို့ ပြန်ရန်တွေ့တော့မယ့် အတိုင်းဘဲ။ ကျမလွန်လား? ကျမတို့လဲလူဘဲလေ အနုပညာရှင် ဆိုတာနဲ့ လူတွေပြောသမျှငြိမ်ခံနေရမှာလား။ ကျမ မင်းသမီး မဟုတ်ဘူး အဆိုတော်တယောက်။ 24/7 လှနေဖို့မလိုဘူးလေ။ '' ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထက်မှာ ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်.

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေဟာ လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကို ပိုင်ဆိုင်ထားတဲ့ မေမေ တစ်ယောက်ဖြစ်ပါတယ်. သူ့ရင်ထဲကဖြစ်ပေါ်လာတဲ့ မိခင်မေတ္တာကို ထုတ်ဖော်ပြောပြ လာပါတယ်။

'' တစိမ့်စိမ့်ထိုင်ကြည့်နေရင်းနဲ့ကို ချစ်နေရတာပါ။ ဒါမိခင်တယောက်ရဲ့ချစ်ခြင်းမေတ္တာများလား'' ဆိုပြီးတော့ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီ ညက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် တစ်ဦးတည်းသော ချစ်သမီးလေး Ivy ရဲ့ ပုံရိပ်လေးတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ချိုဆွေရဲ့ သမီးလေး Ivy ဟာ သြဂုတ်လ ၂၅ ရက်နေ့က တစ်နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့မှာတော့ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။အေသင်ရဲ့ သမီးလေး Ivy ဟာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သမီး လေးဖြစ်ပါတယ်။ အရုပ်မလေးနဲ့ တူလွန်းတာကြောင့်လည်း ပရိ သတ်တွေက အသည်းတုန်အောင် ချစ်နေကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က