တကယ်ကို သားလိမ္မာလေးပါနော်။

ဖိုးပြည့်ဟာ City FM က ချီးမြှင့်လိုက်တဲ့ ရေပန်းအစားဆုံးအမျိုးသားတေးသံရှင်သစ် ဆုကို မိခင်ဖြစ်သူကို ပေးမယ် လို့ ဆိုပါ တယ်။ ရှေ့ဆက်ပြီးတော့လည်း ဂီတအလုပ်တွေ ကြိုးစားသွားပါဦးမယ်တဲ့။

'' ကိုယ်စောင့်နတ်'' တေးသီချင်းနဲ့ ၂၀၁၈ ခုနှစ်အတွင်း ရေပန်းအစားဆုံးအမျိုးသားတေးသံရှင်သစ် ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ဖိုးပြည့်က ဒီဆုကို မိခင်ကိုပေးမယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူကလည်း သူ့အတွက် ခက်ခက်ခဲခဲနဲ့ ပံ့ပိုးပေးခဲ့ရတာတွေ များတဲ့အကြောင်း Duwun Media ကနေပြောပြလာပါတယ်။

'' အမေ့ကို ဆုပေးပြီးတော့ ပိုက်ဆံပြန်ပေးလို့တောင်းရမှာပေါ့နော်။ နောက်တာပါ အမေ့ကို ဆုပြန်ပေးမှာပါ။ အရင်တုန်းကဆို အနုပညာအလုပ်ကို ပေးမလုပ်ဘူး၊ ဆေးသမားဖြစ်မှာ စိုးလို့ပေါ့။ ကျွန်တော့်ကို ဒီအခွေထုတ်ပေးဖို့ အမေလည်း တစ်ယောက် တည်း ရှာနေရတာဆိုတော့ ကျွန်တော်တို့က သူဌေးမျိုးရိုးလည်း မဟုတ်ဘူးလေ'' လို့ သူကဆိုပါတယ်။

 

Photo: Phoe Pyae

ဖိုးပြည့်က အဆိုတော်မဖြစ်ခင်က မိခင်ကို အခွေထုတ်ပေးဖို့ ဂျီတိုက်ခဲ့ရတဲ့ အကြောင်းတွေကို ဇန်နဝါရီလ ၁၂ ရက်နေ့ညက City FM ဆုပေးပွဲမှာ ဖြေဆိုခဲ့ပါတယ်။ အဆိုတော် တစ်ယောက်ဖြစ်လာဖို့ကိုလည်း ကတိတွေ အထပ်ထပ်ပေးခဲ့ ရတယ်လို့ဆိုပါတယ်။

'' အမေ့ကို ဂျစ်တိုက်ရတာပေါ့နော်။ အဖက်ဖက်က ကိုယ့်ကိုယ်ကို အာမခံချက်တွေထား၊ မလုပ်ပါဘူး ကတိတွေပေး၊ သစ္စာတွေဆို အများကြီးပြောပြီးတော့ ဒီလို ဇွတ်အတင်းလုပ်လိုက်တာပဲ လုပ်ပြီဆိုတော့ သူလည်း မတက်နိုင်တော့ဘူး။ ပေးရတော့တာပေါ့'' လို့ ဆိုပါတယ်။

 

ဖိုးပြည့်ဟာ ရှေ့ဆက်သွားမယ့် ဂီတလမ်းကြောင်းမှာလည်း ဒီ့ထက်ပို ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဆုရလို့ ကြိုးစားတာထက် ဆုမရခင်ကတည်းကလည်း ကြိုးစားခဲ့တာပါပဲလို့ ဆက်လက်ပြောပြခဲ့ပါတယ်။

'' ဒီဆုရလို့ ဘယ်လို ကြိုးစားမယ်တော့ မဟုတ်ဘူးလေ။ နဂိုကတည်းက ကြိုးစားရမှာပဲလေနော်။ ရှေ့အခွေတွေတုန်းကလည်း ကြိုးစားပြီး လုပ်ထားတာလေ။ ဆုရလို့ ထပ်ကြိုးစားတာမဟုတ်ဘူးလေ၊ ဆုရရ မရရ ကျွန်တော် ကြိုးစားရမှာပါ။ ဆုရလို့ ကြိုးစား တယ်ဆိုရင် အဓိပ္ပာယ် သိပ်မရှိဘူးဖြစ်နေမှာ'' ဆိုပြီးတော့ City FM ဆုပေးပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

Photo: Phoe Pyae

ဖိုးပြည့်ကိုတော့ ''ကိုယ်စောင့်နတ်'' တေးသီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ လူကြီး၊ လူငယ်၊ ကလေး အားလုံးကြိုက်ကြတဲ့ သီချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။ သူဟာ တောင်ကြီးသား တစ်ယောက်ဖြစ်ပြီး ဂီတ အလုပ်ကိုလည်း အရမ်းရူးသွပ်သူတစ်ယောက်ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က