မတ်လ ၅ ရက်က ပခုက္ကူတက္ကသိုလ်နဲ့ ကလေးတက္ကသိုလ်တို့မှာ ကျောင်းသင်္ကြန်ပွဲတွေကျင်းပခဲ့ရာကနေ ရန်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အဆိုပါ ကျောင်းတွေရဲ့ ကျောင်းသားသမဂ္ဂတွေထံကနေ သိရပါတယ်။
Photo- ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ပခုက္ကူသြက်န်မှာ ရန်ပွဲဖြစ်ပွားစဉ်။
ပခုက္ကူတက္ကသိုလ်ရှိ သတ္တဗေဒ မေဂျာက ကျောင်းသင်္ကြနု်ပွဲကျင်းပနေရင်း ကျောင်းသားတွေနဲ့ အပြင်ကလာတဲ့သူတွေနဲ့ ထိခိုက်မိရာကနေ ရန်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျောင်းသားတစ်ဦး ဓားထိုးဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂ အောင်ခိုင်မင်းက Duwun ကိုပြောပါတယ်။
ရန်ပွဲဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေကို ကျောင်းစည်းကမ်းအရ အပြင်းထန်ဆုံးအရေးယူဖို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို တင်ပြထားပြီး ဓားခုတ်မှုကျူးလွန်သူ အရပ်သားကိုလည်း ဥပဒေအရ အရေးယူဖို့ ရဲစခန်းကို တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ကလေးတက္ကသိုလ်မှာလည်း မေလ ၅ ရက်က ကျောင်းသင်္ကြန်ပွဲ ကျင်းပရာမှာ ကျောင်းသားတွေအချင်းချင်းကခုန်ရင်း ထိခိုက်မိပြီး ရန်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကပြန်ကြားရေး တာဝန်ခံ ဝေနိုင်ဦးက Duwun ကိုပြောပါတယ်။
“ဖြစ်ဖြစ်ချင်း ကျွန်တော်တို့သမဂ္ဂတွေ သွားပြီး တားတယ်။ ရန်ဖြစ်တဲ့သူ ၂ ယောက်အပြင် အပြင်ကနေခါ်လာတဲ့ သူငယ်ချင်းတွေနဲ့ ရန်ပွဲဖြစ်သွားကြတာပါ။ အကြီးအကျယ်ဖြစ်သွားတာတော့ မဟုတ်ပါဘူး။” လို့ ဝေနိုင်ဦးက ဆိုပါတယ်။
ရန်ပွဲ ဖြစ်ပွားမှုကြောင့် ကျောင်းသင်္ကြန်ပွဲတွေကို ချက်ချင်းရပ်နားခဲ့ရတယ်လို့ တက္ကသိုလ် ကျောင်းသားသမဂ္ဂတွေဆီကနေ သိရပါတယ်။