၇၂ နုှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိတွေကို တက်နိုင်သမျှ တည်အောင်ကြိုးစားနေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၇ ရက်နေ့မှကျင်းပနေတဲ့ ၇၂ နုှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။


photo -state counsellor office

“မကြာခင်က စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးခြေလှမ်းတွေကို စလှမ်းနေပြီဆိုတာအားလုံးအသိပါပဲ။ပြည်သူလူထုကိုပေးခဲ့တဲ့ ကတိတွေကို တက်နိုင်သမျှ ၊တက်စွမ်းသမျှ တည်အောင်လို့ ကြိုးစားပါတယ်။ဒါပေမယ့် ကျွန်မတို့ချည်းပဲလုပ်လို့ မရပါဘူးနိုင်ငံတစ်နိုင်ငံ အတွက် တကယ်အရေးပါပြီး အောင်မြင်ဖို့လိုတဲ့ ကိစ္စတွေ မှာ ပြည်သူလူထုပါဝင်ဖို့က အဓိကျပါတယ်။ ” လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့ရဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်သူလူထုအကြားရင်ကြားစေ့ဖို့က အရေးကြီးပြီး ရည်ရွယ်ချက်၊ပန်းတိုင်များတူနေပေမယ့် ပန်းတိုင်ကို ဘယ်လိုပုံစံချီတက်လဲဆိုသည့် အတွေးအခေါ်တွေက ကွဲလွဲတက်ပေမယ့် ပြည်ထောင်စုအပေါ်မှာ စေတနာထားမည် ဆိုလျှင် ဖြေရှင်းလို့ မရသည့် ပြသနာများမဟုတ်ဘူးလို့ လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။


“အားလုံးဟာာ အလျော့အတင်းလုပ်ဖို့ အဆင်သင့်ရှိတယ်။အားလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ချမ်းသာ၊ကြွယ်ဝ၊သာယာ၊ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးဖြစ်တယ်ဆိုရင် မတူကွဲပြားတဲစိတ်သဘောထားတွေကို ညှိယူဖို့ အခက်အခဲရှိမှာမဟုတ်ပါဘူး။ တိုင်းရင်းသား၊ပြည်ထောင်စုသားသမီးများအားလုံးဟာ အတူလက်တွဲ ပြီးတော့ ကိုယ့်နိုင်ငံအတွက် စဉ်းစားဖို့က အင်မတန်အရေးကြီးပါတယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ဒီအချိန်မှာချလို့ရှိရင် နောင်လာမယ့်မျိုးဆက်သစ်တွေအားလုံး အတွက် အင်မတန်တန်ဖိုးရှိတဲ့လုပ်ရပ်တွေဖြစ်သွားပါမယ်။” လို့ မိန့်ခွန်းမှာပြောကြားခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ရှမ်းပြည်နယ်ခရီးစဉ်ကို စတင်ခဲ့တာဖြစ်ပြီးတော့ တာချီလိတ် ၊ မိုင်းယောင်း၊ကျိုင်းတုံ၊မိုင်းတုံ မြို့များတွင် လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ပြီးတော့ ဖေဖော်ဝါရီ၆ ရက်နေ့မှာ သံလွင်မြစ်ကူးတံတားတည်ဆောက်ရေးအခမ်းအနားကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

အတိုင်ပင်ခံရဲ့ ရှမ်းပြည်ခရီးစဉ်မှာ ထူးခြားမှုအနေနဲ့ မိုင်းတုံမြို့မှာ အတိုင်ပင်ခံစီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ် အမှတ်(၁) ဟိုက်ဒရောလစ်ဆီ ယိုစိမ့်မှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပြီး

ရဟတ်ယာဉ် ပြောင်းစီးခဲ့ရတယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က