ခရစ္စမတ်သစ်ပင်ပုံစံပြုလုပ်ထားတာဖြစ်ပြီးတော့ ပုလင်းတွေကိုဆင့်ပြီးအလှဆင်ထားတာလည်းဖြစ်ပါတယ်။

ပုလင်းပေါင်း ၂၀၀၀ ကျော်နဲ့လုပ်ထားတဲ့ ခရစ္စမတ်သစ်ပင်ကို မြန်မာပလာဇာမှာ ဒီဇင်ဘာ ၁၈ ရက်ကနေ နောက်နှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ ပြသသွားမယ်လို့ Heineken Myanmar ကနေသိရပါတယ်။

Heineken ပုလင်းပေါင်းနှစ်ထောင်ကျော်နဲ့ ပြုလုပ်ထားတာဖြစ်ပြီးတော့ ၂၅ ပေအမြင့်ရှိပြီးတော့မိသားစုတွေအပေါင်းအသင်းတွေအနေနဲ့ ဓါတ်ပုံလာရောက်ရိုက်ကူးနိုင်အောင်ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဘီယာပုလင်းအလုံးပေါင်း ၂၀၀၀ ကျော်ကိုခရစ္စမတ်သစ်ပင်ပုံစံပြုလုပ်ထားတာဖြစ်ပြီးတော့ ပုလင်းတွေကိုဆင့်ပြီးအလှဆင်ထားတာလည်းဖြစ်ပါတယ်။



“ ခရစ္စမတ်သစ်ပင်ကို အကြီးကြီးလုပ်ပြီးမီးထွန်းကြတာက ပိုခေတ်စားတယ်။ဒါကို စဉ်းစားမိတဲ့အတွက်ကြောင့်မို့လို့ ဒီလိုပုလင်းတွေနဲ့ လုပ်ဖြစ်သွားတာပါ။မြန်မာပလာဇာမှာ လာတဲ့သူတွေလည်းပါပြီး ဆင်နွှဲလို့ရမယ် ” လိုု့ HEINEKEN Myanmar က communication executive မခင်အိအိထွေးက ပြောပါတယ်။

ဒါ့အပြင်အဲ့ဒီသစ်ပင်နဲ့ ရိုက်ထားတဲ့ဓါတ်ပုံကို လူမှုကွန်ယက်မှာတင်တဲ့သူတွေအထဲက တစ်ပါတ်ကို ၂၅ ဦးကို လက်ဆောင်အနေနဲ့ ရွေးချယ်ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က