ပရီးမီးယားလိဂ် ၃ပွဲဆက်အနိုင်ရရှိမှုကြောင့် စနေညပွဲစဉ်တွေအပြီး အမှတ်ပေးဇယားအဆင့် ၄နေရာကိုယာယီ တက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်တွင် ပွဲထွက်ကစားခွင့်မရရှိခဲ့သော်လည်း လူစားဝင်ကစားခဲ့ပြီးတဲ့ နောက်ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ပူလစ်ဆစ်ကြောင့် အဖိုးတန်အနိုင်ဂိုးနဲ့အတူ နိုင်ပွဲရရှိခဲ့တာ့ဖြစ်တယ်လို့ ချဲလ် ဆီးနည်းပြလမ်းပတ်က ပွဲအပြီးမှာ ချီးကျူးပြောဆိုလိုက်ပါတယ်။
အမေရိကန်လက်ရွေးစင်ကွင်းလယ်ကစားသမားပူလီဆစ်အနေနဲ့ ရာသီအစပွဲစဉ်များတွင် ပွဲထွက်ကစားခွင့်ရရှိခဲ့ သော်လည်း အသင်းကစားကွက်နဲ့အံဝင်ခြင်းမရှိတဲ့အတွက် အရံကစားသမားအဖြစ်သာ ကစားခွင့်ရရှိနေခဲ့တာ လည်းဖြစ်ပါတယ်။
“ နိုင်ပွဲအတွက် ပူလီဆစ်ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုချင်ပါတယ်။ ဒေါ့မွန်အသင်းမှာရှိစဉ်က ခြေစွမ်းကိုပြန် မြင်လိုက်ရသလိုပါပဲ။ သေချာတာတစ်ခုကတော့ ပူလီဆစ်အနေနဲ့ သူတို့ပေးခဲ့တဲ့ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တ ယ်ဆိုတာ ဒီနေ့ခြေစွမ်းနဲ့သက်သေပြလိုက်တာပါ ” လို့ နည်းပြလမ်းပတ်ရဲ့ မှတ်ချက်ပြုမှုကို dailymail ကဖော်ပြ ခဲ့တာပါ။
ရာသီအစတွင် မန်ချက်စတာယူနိုက်တက်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်း၊ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံ တွေ့ခဲ့ရခြင်းတို့ကြောင့် ဝေဖန်မှုများနဲ့ရင်ဆိုင်ခဲ့ရတဲ့ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိမှာ ပရီးမီးယားနောက်ဆုံး ၃ ပွဲဆက်တိုက်အနိုင်ရရှိထားခဲ့ပြီး အမှတ်ပေးဇယားအဆင့်-၄နေရာကိုယာယီတက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ အသင်းသမိုင်းတစ်လျှောက် ခံစစ်ပိုင်းအဆိုးရွားဆုံးအခြေအနေနဲ့ရင်ဆိုင်နေရသော်လ ည်း အကယ်ဒမီထွက်လူငယ်ကစားသမားအများစုနဲ့ ထိုက်သင့်တဲ့ရလဒ်စွမ်းဆောင်မှုကောင်းရှိနေတယ်လို့ နည်း ပြလမ်းပတ်အပေါ် ချီးကျူးမှုတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။