အပတ်စဥ် ဆုလက်ဆောင်ပေးတဲ့အစီအစဥ်အပြင် အစီအစဥ်အဆုံးမှာ ၂၅ ဦးက အမြင့်ဆုံးဆုကြီး ကံထူးနိုင်ဦးမှာပါ။

Pulse App ကနေ တစ်နေ့ခြေလှမ်း ၅,၀၀၀ ပြည့်အောင် လမ်းလျှောက်ရုံနဲ့ ဆုလက်ဆောင်တွေ ကံထူးနိုင်မယ့်အစီအစဥ်ဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံရဲ့ "We DO Health" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပိုမိုကျန်းမာကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းနိုင်စေဖို့ ရည်ရွယ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်၊ လက်ဆောင်တွေလည်းရနိုင်မယ့် Walk2Win အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။



Walk2Win အစီအစဥ်မှာ ပါဝင်လိုသူတွေအနေနဲ့ Pulse App ကို ဒေါင်းလုတ်ဆွဲပြီး အကောင့်ဖွင့်ရမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်အထိ နေ့စဉ် ခြေလှမ်းအနည်းဆုံး ၅,၀၀၀ ပြည့်အောင်လျှောက်ရမှာပါ။

ဆုလက်ဆောင်တွေ ရယူနိုင်မယ့်နည်းလမ်း

ပထမဆုံးအနေနဲ့ တစ်ပတ် (၇) ရက်၊ တစ်နေ့ အနည်းဆုံး ခြေလှမ်း ၅,၀၀၀ ပြည့်တဲ့ သူတွေထဲက မဲနှိုက်ရွေးချယ်ပြီး အပတ်စဉ်ဆုလက်ဆောင်တွေ ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဆုလက်ဆောင်တွေဖြစ်တဲ့ Walking Shoes၊ Fitness Sets၊ Sport T-shirts စတဲ့လက်ဆောင်တွေကို အပတ်စဉ် ကံထူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစီအစဥ်အဆုံးမှာ နေ့စဉ် ခြေလှမ်း ၅,၀၀၀ ပြည့်တဲ့အပြင် ခြေလှမ်းအများဆုံး လျှောက်ထားတဲ့ (၂၅) ယောက်က ဆုအကြီးဆုံးဖြစ်တဲ့ Fitbit Sport Band ကို ကံထူးနိုင်မှာဖြစ်ပါတယ်။

Walk2Win မှာ ပါဝင်ဖို့ လုပ်ဆောင်ရမယ့်အဆင့်များ

ဒီလို Walk2Win အစီအစဉ်မှာပါဝင်ဖို့ Pulse အက်ပလီကေးရှင်းကို ယခုဖော်ပြထားတဲ့ လင့်ခ် https://bit.ly/3ssMf1F ကတစ်ဆင့် ဒေါင်းလုတ်ဆွဲပြီး အကောင့်ဖွင့်ပါ။ အက်ပလီကေးရှင်းထဲက Fitness Tracker ကိုနှိပ်ပြီး ကိုယ်သုံးတဲ့ Fitness App သို့မဟုတ် Fitness Device နဲ့ချိတ်ဆက်ပြီး လမ်းလျှောက်ရမှာဖြစ်ပါတယ်။ အစီအစဥ်မှာ ပါဝင်သူတွေအနေနဲ့ Pulse App မှ ခြေလှမ်းအရေအတွက် Screenshot နဲ့ နာမည်၊ ဖုန်းနံပါတ်ပါဝင်တဲ့ Screenshot (၂) ပုံကို Prudential Myanmar Facebook Page ရဲ့ Chat Box မှာပို့ပေးရမှာဖြစ်ပါတယ်။ 

အစီအစဥ်ကို စိတ်ဝင်စားလို့ ပါဝင်လှုပ်ရှားလိုသူတွေအနေနဲ့ https://bit.ly/3z2tFyO ကတစ်ဆင့် စည်းမျဥ်းစည်းကမ်းများနဲ့ အသေးစိတ်အချက်အလက်များ ကြည့်ရှုနိုင်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က