၂၇၅ ဒေါ်လာဈေးနဲ့ရောင်းချသွားမှာပါ

ဂျာမန်အားကစားဖိနပ်နဲ့ဝတ်စုံ ကုမ္ပဏီ Puma ဟာ WearOS သုံးတဲ့ စမတ်နာရီကို မိတ်ဆက်တော့မှာပါ။

ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ ထုတ်ဖို့အတွက် Puma ဟာ ပြီးခဲ့တဲ့ ၁၂ လလောက်ကတည်းက Fossil Group နဲ့ပူးပေါင်းထားတယ်လို့The Verge က ဖော်ပြထားပါတယ်။ Puma ကနေ ထုတ်လုပ်သွားမယ့် စမတ်နာရီဟာ WearOS စနစ်နဲ့လာပြီး Qualcomm ရဲ့ Snapdragon Wear 3100 chipet သုံးထားပါတယ်။

Photo: The Verge

ဒီနာရီဟာ ၁.၁၉ လက်မ AMOLED display မျက်နှာပြင်အဝိုင်းဒီဇိုင်းနဲ့လာပြီး 44mm အလူမီနီယံအိုးနဲ့လာမယ်လို့ဆိုပါတယ်။ ရေကူးရင်း ပတ်ထားလို့ရမယ့် swimproof စနစ် ပါပြီး ဝ.၀၆ ပေါင်ပဲ အလေးချိန် ရှိမှာပါ။ RAM ပမာဏ 512MB နဲ့storage ကတော့ 4GB အထိ ပါရှိမှာပါ။

Puma ကုမ္ပဏီကတော့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီဟာ ဘက်ထရီသက်တမ်း ၂၄ နာရီကျော် ခံမယ်လို့အာမခံထားသလို NFC Payment ၊ နှလုံးခုန် တိုင်းတာမှု ၊ fitness tracking နဲ့Google Assistant နည်းပညာများလည်း အသုံးပြုနိုင်မှာပါ။

အနက် ၊ အဖြူ နဲ့နီယွန်ကာလာ ၃ ရောင်နဲ့လာတဲ့ ဒီစမတ်နာရီကို Puma ဟာ လာမယ့် နိုဝင်ဘာလထဲမှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ၂၇၅ ဒေါ်လာ ( မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က