အင်္ဂလန်ပရီးမီးယားလိဂ် ဒုတိယတန်ကြေးအမြင့်ဆုံးစပွန်ဆာစာချုပ်ဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဝတ်စုံစပွန်ဆာစာချုပ်အသစ်အဖြစ် Puma အားကစားကုမ္ပဏီနဲ့ ဆယ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုလိုက်တယ်လို့ Goal.com ကဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လာမယ့် ၂၀၁၉-၂၀ဘောလုံးရာသီသစ်အတွက် ဂျာမနီအားကစားပစ္စည်းကုမ္ပဏီ Puma နဲ့ ဝတ်စုံစပွန်ဆာစာချုပ်,ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Goal.com ရဲ့ဖော်ပြချက်အရ မန်စီးတီးဟာ လာမယ့်ရာသီမှာ လက်ရှိစပွန်ဆာ ကုမ္ပဏီ Nike နဲ့ လမ်းခွဲမှာဖြစ်ပြီး Puma နဲ့ ဆယ်နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့တာလို့ သိရပါတယ်။ စာချုပ်ပါ အချက်အလက်တွေအရ တန်ကြေးဟာ ပေါင်သန်း ၆၅၀ ရှိပြီး အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဒုတိယ တန်ကြေးအမြင့်ဆုံး စပွန်ဆာစာချုပ် ဖြစ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ Adidas ကုမ္ပဏီတို့ရဲ့စာချုပ်တန်ကြေးက အမြင့်ဆုံးဖြစ်ပြီး ပေါင်သန်း ၇၅၀ တန်ကြေးရှိပါတယ်။ Puma ဟာ ဝတ်စုံစပွန်ဆာအပြင် မန်စီးတီးအသင်းရဲ့မိတ်ဖက်ကလပ်အသင်းတွေဖြစ်တဲ့ သြစတြေးလျကလပ် မဲလ်ဘုန်း၊ စပိန်ကလပ် ဂျီရိုနာ၊ ဥရုဂွေးကလပ် အက်သလက်တီတော်ကွေး၊ တရုတ်လိဂ်(၂)ကလပ် စီချွမ် အသင်းတွေရဲ့အမျိုးသား၊ အမျိုးသမီး၊ လူငယ်အသင်းတွေကိုပါ စပွန်ဆာပေးမှာဖြစ်ပါတယ်။ Puma ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို စပွန်ပေးထားပြီး အာဆင်နယ်က လာမယ့်ရာသီသစ်အတွက် Adidas နဲ့ ပြန်လည်လက်တွဲမှာပါ။

Puma ဟာ မန်စီးတီးတိုက်စစ်မှူး အဂူရိုကိုလည်း ဘောလုံးကန်ဖိနပ် စပွန်ဆာပေးထားပြီး မန်စီးတီးနဲ့ စာချုပ်ပြီးနောက်မှာ ကွန်ပနီအပါအဝင် အမျိုးသမီးအသင်းက ထိပ်တန်းကစားသမားအချို့ကိုလည်း စပွန်ဆာပေးဖို့ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ Puma ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ကလပ်အသင်းပေါင်း ၁၀ သင်းကို စပွန်ဆာပေးထားပါတယ်။ ဒါ့အပြင် Puma ဟာ အီတလီ၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ သြစတြီးယား၊ ကင်မရွန်း၊ အိုင်ဗရီကို့စ်၊ ဂါနာအသင်းတွေကိုလည်း စပွန်ဆာပေးထားပါတယ်။

Share

Loading Next Article...
က္က