မန်ချက်စတာယူနိုက်တက်ရဲ့ လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့် ယနေ့ညပွဲစဉ်အတွက် အသင်းသတင်းဟာ လူမှုကွန်ရက်ပေါ်မှာ ပေါက်ကြားလာခဲ့ပြီး ပရိသတ်တွေ မပျော်မရွှင်ဖြစ်ခဲ့ကြပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာနဲ့ စိတ်လှုပ်ရှားစရာ ယူရိုပါလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားပြီးနောက် လက်စတာစီးတီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ တန်ဟက်အနေနဲ့ လာမယ့် ကြာသပတေးနေ့ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ ကစားရမယ့် ဒုတိယကျော့ပွဲမတိုင်ခင် အသင်းကို အလှည့်ကျပွဲထုတ်သွားဖို့ ပြင်ဆင်နေပုံပေါ်နေတာဖြစ်ပါတယ်။
StrettyNews ရဲ့ ဖော်ပြချက်အရ အီလန်ဂါဟာ လက်စတာစီးတီးနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးသွားဖို့ ပြင်ဆင်နေပြီး လင်ဒီလော့ဖ်လည်း ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်စတာစီးတီးနဲ့ပွဲစဉ်မှာ အီလန်ဂါ ပွဲထွက်ပါဝင်ကစားပေးမယ့်သတင်းဟာ ပရိသတ်တွေဆီနေ ကောင်းမွန်တဲ့တုံ့ပြန်မှု မရရှိခဲ့တာဖြစ်ပြီး လူငယ်တောင်ပံကစားသမားကို မြေခွေးတွေနဲ့ပွဲမှာ ပွဲထွက်ခွင့်ပေးမယ့်သတင်းတွေကို ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
"အီလန်ဂါကို ပွဲထွက်ကစားစေဖို့ ဘာမှ မလိုဘူး။ သူသာ အလှည့်ကျပွဲထုတ်ချင်ရင် တခြားကစားသမားတွေရှိတယ်"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ငါ့စိတ်ထဲမှာ မကောင်းမြင်နေတာကို မုန်းလိုက်တာ။ ဒါပေမယ့် ငါ့ခေါင်းထဲမှာ ဒီပွဲက ၁-၁ ဖြစ်မယ့်ပွဲဆိုတာ သိနေပြီးသားဖြစ်နေတယ်"လို့ မှတ်ချက်ပေးခဲ့ပါတယ်။