မန်စီးတီးကွင်းလယ်လူ ကိုဗာဆစ်ကတော့ မနေ့ညကပွဲမှာ ချယ်လ်ဆီးအတွက် ပွဲသိမ်းချေပဂိုးကို ကိုးလ်ပယ်လ်မာသွင်းယူချိန်မှာ အောင်ပွဲခံသွားတယ်လို့ စွပ်စွဲခံနေရပါတယ်။ မန်စီးတီးကွင်းလယ်လူဟာ အသင်းဟောင်းကို ပြိုင်ဘက်အဖြစ်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အသင်းမှားတာလား၊ တကယ်ပဲ အောင်ပွဲခံသွားလားဆိုတာတော့ ဝေခွဲမရအောင် ဖြစ်နေခဲ့ပါတယ်။
အဆိုပါပွဲကို သွားရောက်ကြည့်ရှုတဲ့ ပရိသတ်တဦးက သူ့ရဲ့ ဖုန်းနဲ့ မှတ်တမ်းတင်ရိုက်ကူးခဲ့ချိန်မှာ မြင်တွေ့ခဲ့ရတာပါ။ ပယ်လ်မာရဲ့ ဂိုးဝင်သွားချိန်မှာ ကိုဗာဆစ်ရဲ့ လက်ဟန်အမူအယာက အောင်ပွဲခံခဲ့တယ်လို့ ယူဆချင်စရကောင်းအောင် ဖြစ်နေခဲ့တာပါ။ အသင်းဟောင်းအပေါ် သူ သံယောဇဉ်မပြတ်တာလား၊ ဘာလားတော့ သူပဲ သိပါလိမ့်မယ်။ သူ့ရဲ့ ဘယ်ဘက်လက်ဟာ အောင်ပွဲခံတဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။
ဒီပွဲမှာတော့ နှစ်သင်းစလုံးမှာ အသင်းဟောာင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့သူတွေရှိခဲ့တာပါ။ မန်စီးတီးကစားသမားဟောင်းတွေဖြစ်တဲ့ စတာလင်နဲ့ ကိုးလ်ပယ်လ်မာ၊ ချယ်လ်ဆီးကစားသမားဟောင်း ကိုဗာဆစ်တို့ဖြစ်ပြီး စတာလင်တို့နှစ်ဦးကတော့ ခြေစွမ်းပြခဲ့ကာ တဂိုးစီသွင်းယူခဲ့ကြပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုကြောင့် ကိုဗာဆစ်တယောက် နောက်ပြောင်မှုတွေလည်း ခံနေရပြီဖြစ်ပါတယ်။
သူဟာ ဒီရာသီမှ ချယ်လ်ဆီးကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ညကပွဲမှာ လူစားဝင်ကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ နာကျင်အချိန်ပိုမှာ ပင်နယ်တီပေးခဲ့ရပြီး နိုင်ပွဲရဖို့ လက်တကမ်းအလိုမှာပဲ သရေနဲ့သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။